မနက်ခင်းမိုးလင်းတော့လဲ
မြတ်ကိုဖက်ထားတာ မလွတ်ဘဲ
ရင်ခွင်ထဲမှာအိပ်စက်နေသည်နဖူးလေးကိုနမ်းတော့
ကိုယ်ငွေ့ငွေ့လေးပူနေသလို*ဪ အန်တီရယ်
နမ်းရုံအဆင့်လောက်နဲ့တောင်
ဖျားသွားရတယ်လို့ တကယ်ပါဘဲ: အန်တီ
ပါးပြင်ကိုပွတ်သပ်ကာ နိုးတော့
မျက်ခွံလေးတဖြည်းဖြည်းဖွင့်ကြည့်လာသည်မြတ် : ဖျားနေပြီ ဘယ်လိုလုပ်မလဲ
နဖူးပေါ်ကျရောက်နေသည့်
ဆံနွယ်တစ်ချို့ကိုသပ်တင်ပေးလိုက်ကာမြတ်: ဒါတောင် နမ်းရုံလောက်ရှိသေးတာ
အဆုံးထိများလုပ်လိုက်ရင်
သတိမေ့သွားလောက်မလားဘဲ အန်တီရယ်နွယ်မျက်နှာမှာရှက်လာသလိုဖြစ်သွားသည်မို့
မြတ်ကရယ်သည်:ဘာလေးမှန်းမသိဘူးကွာ
အခုဘယ်လိုလုပ်မလဲဖျားနေပြီ
ကုတင်ပေါ်ခဏနေအုန်းနော်
မနက်စာလုပ်ပေးမယ် ဟုတ်ပြီလား:အင်း
အန်တီနှုတ်ခမ်းပါးကိုနမ်းမည်လုပ်တော့
ရှောင်သွားသည်နွယ် :အဖျားကူးလိမ့်မယ်
:ကူးပါစေ အန်တီဆီ က
ဖြစ်တည်လာသမျှ အကုန်လိုလားတယ်: အပိုတွေ
မြတ်စကားကြောင့်မျက်နှာလွဲသွားကာ
ကြိတ်ပြုံးနေသည့်အန်တီကို အူယားစွာ
နှုတ်ခမ်းပါးကိုနမ်းလိုက်သည်: ကုတင်ပေါ်မှာခဏနေအုန်းနော်
ခေါင်းငြိမ့်ပြသည်မို့ နဖူးပြင်ကို
အသာ သပ်တင်ပေးလိုက်ကာ
ခပ်ဖွဖွနမ်းလိုက်သည်. . . . . . . . . . . . . .
တစ်နေ့လုံးဖျားနေသည့်နွယ့်ကို
ခဏလေးတောင် အောက်မချပေးဘဲ
ဖက်ထားသည်မနက်နိုးတည်း က မျက်နှာကိုလဲ
သူကိုယ်တိုင်သစ်ပေးသည်ဆေးလဲသူကိုယ်တိုင်တိုက်သည်
ဟင်းချက်တတ်သည်ဆိုပြီး
တစ်ခါမှမီးဖိုချောင်မဝင်သည့် သူက
နွယ့်ကိုမနက်စာတောင်ပြင်ပေးသေးသည်
![](https://img.wattpad.com/cover/291743191-288-k581559.jpg)
YOU ARE READING
မြတ်နိုးသင့်သော်အမျိုးသမီးငယ်
Любовные романы"ဆိုးတဲ့ကလေးကိုဘယ်လိုဆုံးမရမလဲကွယ်" "ဆိုးတယ်လား" "ဟုတ်ပါရဲ့ ဆိုးလိုက်တာချာလို့....ဘယ်လိုဆုံးမရပါ့" "ဆုံးမပေးမဲ့အစားချစ်ပေးလိုက်ပေါ့.... အန်တီ့ရဲ့ချစ်ခြင်းတွေအောက်မှာလိမ္မာပေးမယ်" "အို.....ကွယ် ဒီကလေးနှယ့်....ခက်ရချည်ရဲ့....." 1.2.2022 Own character...