လေဆိပ်ရောက်တော့
ဆရာဘေးမှာရပ်နေသည့်
အန်တီ့မျက်နှာကညိုးနေသလိုမြတ် : ဆရာ
: သွားကြတော့မလား အချိန်ကတော့လိုသေးတယ်
: အာ ဆရာ မြတ်နောက်ကလိုက်ခဲ့မယ်နော်
မြတ် ကို အန်တီနဲ့စကားခဏလောက်ပြောခွင့်ပြုပါ: အင်း မြန်မြန်တော့လာတော့
:ဟုတ်ကဲ့
:ဖေဖေသွားပြီနော်သမီး
: ဟုတ်ဖေဖေ
ပြုံးသာပြုံးသည် မျက်နှာကမလန်းပေ
ဆရာသွားပြီမို့ အန်တီလက်လေးကို
အသာဆွဲကိုင်လိုက်ကာ: အန်တီ နေမကောင်းဘူးလား
မြတ်ကိုကြည့်ပြီးပြုံးကာခေါင်းခါပြသည်
:ဘာဖြစ်လို့လဲ အန်တီ ငိုချင်နေတာလား
ငိုမဲ့မဲ့ဖြင့်မျက်ရည်ဝဲနေသည့်
အန်တီ့ပါးပြင်ကိုထိန်းကိုင်ရင်း
ဖက်ထားလိုက်သည်: အာ ကလေးလေးကျနေတာဘဲကွာ
၅ လတည်းလေနော် ပြီးတာနဲ့
ချက်ချင်းပြန်လာခဲ့မယ်နော် အန်တီ နော်လို့
စကားပြန်ပြောပါအုန်းဖက်ထားတော့မှ မြတ်ရဲ့ခါးကိုဖက်လာကာ
မြတ် ရင်ခွင်ထဲကိုမျက်နှာအပ်ရင်း
ငိုမဲ့မဲ့ဖြစ်နေသည့်အန်တီဆံပင်တွေကို
အသာသပ်ပေးလိုက်တော့မှ
ခေါင်းငြိမ့်ပြသလို: ဒီမှာ မြတ်ကိုကြည့်
အန်တီ့ရဲ့လက်ကို မြတ်ပတ်ထားသည့်
နာရီကိုချွတ်ကာပတ်ပေးလိုက်ပြီး: အချိန်ကိုမှတ်ထားနော်
လွမ်းတဲ့အချိန်တိုင်းဖုန်းဆက်နော်
မြတ်ကိုလွမ်းတဲ့အချိန်တိုင်းကိုလဲမှတ်ထားပေးနော်
ပြန်လာမှအတိုးနဲ့ပြန်ချစ်မယ်လေ နော်ငိုချင်နေသည့်မျက်နှာလေးကိုဆွဲမော့ကာ
မြတ်ရဲ့ပြုံးစိစိစကားကြောင့်
ခါးကိုအသာလိမ်ဆွဲလိုက်ကာ: မင်းနော် တစ်ခြားကောင်မလေးတွေနဲ့
ပတ်သတ်တယ်ကြားတာနဲ့
တို့ပြဿနာလာရှာမှာနော်: ဟုတ်ပါပြီ အန်တီရယ်
သိပ်ချစ်တယ်နော်: အင်းပါ ချစ်တယ်ကွာ သွားတော့
YOU ARE READING
မြတ်နိုးသင့်သော်အမျိုးသမီးငယ်
Romance"ဆိုးတဲ့ကလေးကိုဘယ်လိုဆုံးမရမလဲကွယ်" "ဆိုးတယ်လား" "ဟုတ်ပါရဲ့ ဆိုးလိုက်တာချာလို့....ဘယ်လိုဆုံးမရပါ့" "ဆုံးမပေးမဲ့အစားချစ်ပေးလိုက်ပေါ့.... အန်တီ့ရဲ့ချစ်ခြင်းတွေအောက်မှာလိမ္မာပေးမယ်" "အို.....ကွယ် ဒီကလေးနှယ့်....ခက်ရချည်ရဲ့....." 1.2.2022 Own character...