Extra

21.3K 912 51
                                    

:မြတ်သော်ဇင် မင်း သမီးကိုစနေပြန်ပြီလား

အိမ်ထဲသို့ငိုပြီးဝင်သွားသည် ပန်းလေးကြောင့်
မြတ် မှာ ပြုံးစိစိ

သမီးကိုချီကာထွက်လာသည့်
အန်တီကိုပြုံးစိစိဖြင့်ကြည့်လိုက်ကာ

: မားမားက မီးချပင်တွေ ကို
ချုပ်သွားအောင်ဖွလိုက်တာ အဟင့်ဟင့်

အန်တီ့ရင်ခွင်ထဲမှာ
တအိ့အိ့ငိုနေသည့်သမီးကိုချစ်တဲ့ပုံနှင့်
ပြုံးစိစိကြည့်နေသည့်မြတ်

​မြတ် : လျှာထုတ်ပြောင်ပြနေတာ ဘယ်သူတုန်း

: အဟင့် မီး က ပြောင်ဘဲပြောင်ပြတာကို
မား က မီးချပင် ကို ဖွတာ အဟင့်

ရှိုက်နေသည့်သမီးနှာတံလေးကို
လက်ညိုးဖြင့်တို့ကာကြည်စယ်လိုက်ရင်း

:ငိုနေတာလဲကွာ

:မင်း ကလေး ကို ငိုအောင် စမနေနဲ့
ရိုက်ခံရမယ် မား ကို အဲ့လိုဆူရမှာလား ပန်းလေး

နှာထိပ်လေးနီတာရဲလေးဖြင့်
ခေါင်းငြိမ့်ပြသည်မို့ မြတ် အသည်းယားစွာ
သမီး လက်သေးသေးလေး ကို ကိုင်လိုက်ရင်း

မြတ် :စိတ်ဆိုးတဲ့သူကို စတော်ဘယ်ရီ
မစားတော့ဘူးပေါ့

ပန်း :ချားမှာ

:မကျွေးဘူးကွာ

သမီးနှင့်သူ့ကိုကြည့်ရင်း

ပြုံးစိစိနှင့်ထပ်စနေသည့် မြတ် ရဲ့
ဗိုက်ကိုအသာလိမ်ဆွဲလိုက်သည့်နွယ်

:နာသွားပြီ စိတ်ဆိုးတယ်ကွာ

သမီးလိုနှုတ်ခမ်းဆူပြလိုက်တော့
နှာလေးရှုံရင်း မြတ် တကယ်နာသွားသည်
ထင်ပြီး ကြည့်လာသည့် သမီး

မြတ်နဲ့ပန်းကိုပြုံးကာကြည့်နေသည့်
နွယ့်ကိုလဲ ပန်း က ကြည့်လာကာ

: စိတ်ဆိုးတယ်ကွာ အပြင်သွားတာဘဲ
ကောင်းတယ်

လက်ကိုနောက်ပြစ်ကာခေါင်းမှီရင်း
လမ်းလျှောက်ကာထထွက်သွားသည့်မြတ်

နွယ့်ပေါ်ကခုန်ဆင်းကာ
မြတ့်နောက်ကိုပြေးလိုက်လာပြီး

:အဟင့်ဟင့် မား မီးလဲ အပြင်လိုက်ချင်တယ်

မြတ်နိုးသင့်သော်အမျိုးသမီးငယ်Where stories live. Discover now