Part 27

14.5K 622 3
                                    

လမ်းတစ်လျှောက်မှာ
မြတ်ကိုသာ ရေ လာလာ လောင်း နေကြသည်မို့
နွယ်မှာတခစ်ခစ်နှင့်ရယ်နေသည်

T shirt အဝါနုလေးနှင့်
jean pants အပြာလေးကိုဝတ်ထားသည့်
မြတ် မှာ ရေတွေရွဲနေသည်

နွယ့်မှာ​ေတာ့ မြတ်လက်မောင်းကိုဖက်တွယ်ရင်း
ဖြည်းညင်းစွာလမ်းလျှောက်နေသည်

မြတ်မှာအတော်တင်းနေလေပြီ
​မျက်နှာကြီးမှာခပ်တည်တည်နှင့်မို့
နွယ်ရယ်မိသည်ကိုရူတည်တည်ဖြင့်ကြည့်လာကာ

မြတ်: တော်တော်သဘောကျနေတာပေါ့လေ

နောက်ထပ် လူငယ်ကောင်လေးကောင်မလေး
တစ်အုပ်ရေလာလောင်းပြန်သည်

ခွင့်တောင်းသည် ကို ရူတည်တည်ရုပ်ဖြင့်
ခေါင်းငြိမ့်ပြသည်

မြတ်ရဲ့မျက်နှာလှလှမှာ တည်ထားသည်ကိုပင်
ထိုကောင်မလေးတစ်ချို့မှာပြုံးစိစိဖြင့်
ရေလောင်းကြသည်

မြတ်မှာတော့နွယ်ကိုသာကြည့်နေသည်

: အစ်မ social media accလေး
သိချင်လို့ ပြောပြပေးပါလား

တစ်အုပ်လုံးကခေါင်း​ငြိမ့်ပြသည်မို့
နွယ့်ကိုကြည့်လိုက်တော့
မေးငေါ့ပြကာ ပေးလိုက်ပါ ဆိုသည့်ပုံမို့မျက်မှောင်ကြုတ်သွားကာ

နွယ်လက်ကိုကိုင်လာကာ
ထွက်သွားသည့်နောက်တွင်

:ဟဲ့ ဟဲ့ တာချီမမ ဟ အားးးးးး

: မိုက်တယ်

နောက်ကအသံတွေကို
ဂရုမစိုက်သလိုနေနေသည့်မြတ်ကို
နွယ်ကြည့်ကာပြုံးစိစိဖြင့်
ပခုံးချင်းတိုက်လိုက်သည်

:ကြွေကုန်ကြပြီ ဘယ်လိုလုပ်မလဲ

နွယ့်ကိုဆူမည်ပုံဖြင့်ကြည့်လာသည်

: အန်တီ က မြတ် ကို အဲ့လိုတွေ လာလာ စ
ပြီးရင် အန်တီ ဘာသာ တစ်ယောက်တည်း
အားငယ်ပြီး ငိုအုန်းမှာမလား

နွယ်ကိုဆူနေသည်မို့
နွယ်သူ့ကိုအသည်းယားစွာ
လက်မောင်းလေးကိုဖြစ်ညစ်ပြစ်လိုက်တော့သည်

: မြတ် အန်တီ က လွဲရင်
ဘယ်သူမှမမြင်တာသိရဲ့နဲ့

နွယ့်သူ့ကိုပြုံးပြီး မော့ကြည့်လိုက်တော့
နွယ်ပါးချိုင့်လေးကိုလက်ဖြင့်တို့ထိကာ

မြတ်နိုးသင့်သော်အမျိုးသမီးငယ်Where stories live. Discover now