part 4

12.9K 693 5
                                    

နွယ့်ဆိုင်ကိုအမြဲရောက်ရောက်လာပြီး
နွယ့်အနားကိုကြောင်လေးပမာ
အမြဲကပ်နေသည့် မြတ်

: မင်းဘာမှလုပ်စရာမရှိဘူးလား

: နိုး အန်တီ့နားမှာဘဲနေချင်လို့

: မင်းအရင်ကဘာအလုပ်လုပ်လဲ

: ပြိုင်ကားမောင်းတယ်

: ဟမ်

ကြောင်တောင်​တောင်ဖြစ်သွားသည့်
အန်တီ့ကိုကြည့်ရင်းချစ်မိပြန်ပါသည်

:မင်းဘာနဲ့ဘွဲ့ရတာလဲ

ဆိုဖာကိုမှီလျှော့လျှော့ထိုင်ရင်း
နွယ့်ကိုကြည့်နေသည် ပြီးမှ

: Ph.D IT

နွယ့်အံ့ဩသည့်ပုံဖြင့်ကြည့်နေသည်မို့
မြတ်အသံထွက်ရယ်မိသွားသည်

: မထင်ရဘူးမလား

: မင်းကဘယ်လိုလုပ်ပြီး

: မမ လင်းလက် မုန့်လာပို့

ဆိုင်ထဲကိုရုတ်တရပ်ကြီးဝင်လာသည့်
လင်းလက်ကို မြတ် က အံ့ဩသွားသလိုဖြင့်

မြတ် :ဟေးးးးး

: နင်ဘာလုပ်နေတာလဲ ဒီမှာ

မြတ် ကို စိတ်ဆိုးသည့်ပုံဖြင့်
ကြည့်နေသည့် လင်းလက် ကြောင့်

: ဒါ တို့ရဲ့တစ်ဦးတည်းသော်ဝမ်းကွဲညီမလေ
မင်းတို့ချင်းသိကြတယ်လား....
ထိုင်အုံးလေ လင်းလက်

:မထိုင်တော့ဘူး မမ လာ နင်
သေပြီသာမှတ်

မြတ်: ဟမ် အန်တီ့ ညီမလား.....
အား ဘာလုပ်တာတုန်း

မြတ်ရဲ့အင်္ကျီကော်လံစမှဆွဲကာခေါ်သွားသည်မို့
နွယ်သူတို့ဘာဖြစ်နေကြလဲမသိဖြစ်နေသည်

: နင်ဘာလုပ်တာလဲ....ဟမ်

မြတ် ရဲ့နှုတ်ခမ်းနားကို
လက်သီးဖြင့်ထိုးချလိုက်သည့် လင်းလက်

မြတ် : ဘာ!

: တစ်ခြားသူတွေ ဒီလောက်ပေါနေတာ
ငါ့အစ်မ ကို လွတ်ပေးစမ်းပါ
ငါ့အစ်မ က နင်တွဲခဲ့ဖူးတဲ့သူတွေနဲ့မတူဘူး

မြတ်ကိုယ့်နှုတ်ခမ်းကိုလက်ဖြင့်သုတ်လိုက်ကာ

: ဘဝမှာပထမဆုံးအထိုးခံရခြင်းဘဲ

မြတ်နိုးသင့်သော်အမျိုးသမီးငယ်Where stories live. Discover now