ဟိုမှာ ၁လလောက်နေကာ
ဆေးပညာအကူအညီနှင့် ကိုယ်ဝန်သန္ဓေအောင်ပြီး
အခုဆိုလပင်အတော်ရင့်လာလေပြီကိုယ်ဝန်စရှိတည်းကအန်တီ့ကို
အမားကအိမ်မှာဘဲလာနေဟုခေါ်သည်မို့
အန်တီ့အိမ်မှာဘဲနေဖြစ်သည်ဆရာမှာတော့အိမ်ပင်မကပ်ဟိုကူးဒီကူးဖြင့်သာ
ကုမ္ပဏီကိစ္စလုပ်လိုက် အန်တီ့ဆိုင်မှာ
ထိုင်ပေးလိုက်ဖြင့်အလုပ်ရှုပ်နေသည့် မြတ်မှာ
အခုလဲအန်တီဆိုင်မှာလိုအပ်တဲ့
ပစ္စည်းတွေ ကို နေရာချရင်း
အလုပ်ရှုပ်နေသည်ဖုန်းဝင်လာသည်မို့ ကိုင်လိုက်ကာ
:ပြော အန်တီ
: အခုချက်ချင်းအိမ်ပြန်ခဲ့
: ဟမ် အန်တီဘာဖြစ်လို့လဲ
: ပြန်လာဆို ပြန်လာကွာ
ဪ ဪ ပြီးတော့ ပန်းသီးတွေဝယ်ခဲ့နော်
ပျားရည်ရယ် သရက်သီးရယ်
ပြီးတော့ အရက်ဆိုဒ်ကြီးတစ်ပုလင်းရယ်နော်: အရက် ဟုတ်လား အရက် က ဘာလုပ်မလို့လဲ
: မင်းဝယ်ပေးမှာလားမဝယ်ပေးဘူးလား
တို့ဘာသာအပြင်ထွက်ဝယ်လိုက်ရမလား
အပြင်ထွက်ချင်တာနဲ့အတော်ဘဲ:နေ နေ ဝယ်ခဲ့ပါမယ်
ညနေမှတူတူလမ်းလိုက်လျှောက်ပေးမယ်လေ
အခုတော့ငြိမ်ငြိမ်လေးနေပါအုန်း: ပြီးတာဘဲ ဪ ချက်ချင်းပြန်လာခဲ့နော်
အဲ့ဒါတွေလဲဝယ်ခဲ့: အင်းပါ အခုပြန်လာပြီ
ဆိုင်ကိုမန်နေဂျာနဲ့လွှဲခဲ့ကာ
ချက်ချင်းပြန်သွားသည့်မြတ်အိမ်ထဲသို့အထုတ်အပိုးတွေနှင့်ဝင်လာကာ
: ဟယ် သမီးဘာတွေတုန်း
ဟင်းချက်ရင်းပြောသည့်အမားနှင့်
စကားအပြန်အလှန်ပြောရင်း: မသိပါဘူးအမားရယ်
ပန်းသီးနဲ့သရက်သီးတော့ပါတယ်
အန်တီကဘာတွေဝယ်ခိုင်းတယ်မသိပါဘူးဧည့်ခန်းထဲမှာထိုင်နေသည့်
အန်တီဆီကိုသွားလိုက်ကာ: ဘယ်မှာလဲ မဝယ်ခဲ့ဘူးလား
သွား ပြန်ဝယ်ပေးကွာ

YOU ARE READING
မြတ်နိုးသင့်သော်အမျိုးသမီးငယ်
Romance"ဆိုးတဲ့ကလေးကိုဘယ်လိုဆုံးမရမလဲကွယ်" "ဆိုးတယ်လား" "ဟုတ်ပါရဲ့ ဆိုးလိုက်တာချာလို့....ဘယ်လိုဆုံးမရပါ့" "ဆုံးမပေးမဲ့အစားချစ်ပေးလိုက်ပေါ့.... အန်တီ့ရဲ့ချစ်ခြင်းတွေအောက်မှာလိမ္မာပေးမယ်" "အို.....ကွယ် ဒီကလေးနှယ့်....ခက်ရချည်ရဲ့....." 1.2.2022 Own character...