:တီလေးပြန်လာမယ်ဟုတ်လား
ပျော်သွားသည့်အသံဖြင့်မြတ်
:ပြန်လာမယ်လို့ပြောလိုက်တာနဲ့
ကလေးကျနေတာဘဲ: ဟီး တီတီလေး ဘယ်နေ့ပြန်လာမှာလဲ
: မနက်ဖြန်
:အယ် တကယ်
: တကယ်ပေါ့ တီလေး ကို
မြတ်လိုရွှတ်နောက်နောက်လူလို့ထင်နေသလား: အမယ် မထင်ရပါဘူး မြတ် ရဲ့ ပစ္စည်းတွေ
ပါလာမှာမို့ပျော်သွားတာ: အေးအေး အဲ့ဒီပစ္စည်းတွေဘဲ မက်နေလိုက်
အဲ့မှာဝယ်လဲရတာကို တကူးတကန့်
ကပ်စည်းနဲပြီး ဒီကိုမှာတာမသိဘူးများထင်နေလား: ဟာ တီလေး မသိလို့ပါ
အဲ့က quality လဲကောင်းတယ်
စျေးလဲပေါလို့ပါ တီလေးရာ
ကပ်စည်းနဲတာမဟုတ်ရပါဘူး
စီးပွားအမြင်ရှိတယ်လို့ပြောရင်တစ်မျိုးပေါ့: ဟုတ်ပါပြီ မယ်မင်းကြီးမရယ်
ရှင်ဘဲသိရှင်ဘဲတတ်တယ်
ကိုယ့်ဘာကိုယ်ပိုက်ဆံ ကို အသက်ကုန်ရှာပြီး
ကျစ်ကျစ်ပါအောင်ဆုနေတာလဲ
စီးပွားရေးအမြင်ဘဲလား: ဟာ တီလေး လျှောက်မပြောနဲ့နော် အဲ့ဒါတွေ
ဖေကြီးနဲ့မေကြီးတောင်မသိဘူး
မြတ်ကိုငမွဲလေးဘဲထင်နေကြတာ:အံ့ဩပါ့ မမတို့များ အလိုက်ချက်
သူ့သမီးတစ်လကိုပုံအောပြီး
ဘယ်လောက်ဝင်လဲတောင်
မသိကြဘူး: တော်ပါတော့ တီလေးရယ်
ကြားသွားမှဖြင့်: ကပ်စည်းနဲလိုက်တဲ့သူတွေနဲ့စကားမပြောဘူး
ဒါဘဲ မမ ကို တီလေးပြန်လာမဲ့အကြောင်းပြောလိုက်:အမိန့်တော်အတိုင်းပါ
: အရူးမ.....
ဖုန်းမကျခင် ပြောလိုက်သည့်
စကားကြောင့် မြတ်ရယ်မိသည်~~~~~~~~~~~~~~~~~
: တီလေးလာတာ နောက်တောင်ကျနေပြီ
လေဆိပ်မှကြိုလာသည့်တီလေးကို
ကားမောင်းရင်းစကားပြောဖြစ်သည်ဟိုမှာဘယ်လောက်ဘဲကြာအောင်နေပါစေ
မြန်မာအငွေ့အသက်မပျောက်သည့် တီလေးမှာ
သနပ်ခါးကိုပင် ပါးပြင်မှာ လိမ်းခြယ်ထားသည်
YOU ARE READING
မြတ်နိုးသင့်သော်အမျိုးသမီးငယ်
Romance"ဆိုးတဲ့ကလေးကိုဘယ်လိုဆုံးမရမလဲကွယ်" "ဆိုးတယ်လား" "ဟုတ်ပါရဲ့ ဆိုးလိုက်တာချာလို့....ဘယ်လိုဆုံးမရပါ့" "ဆုံးမပေးမဲ့အစားချစ်ပေးလိုက်ပေါ့.... အန်တီ့ရဲ့ချစ်ခြင်းတွေအောက်မှာလိမ္မာပေးမယ်" "အို.....ကွယ် ဒီကလေးနှယ့်....ခက်ရချည်ရဲ့....." 1.2.2022 Own character...