ညမိုးချုပ်တဲ့အထိမြတ်နှင့်သမီးက
ပြန်မရောက်သေးသည်
ဧည့်ခန်းထဲမှာထိုင်ကာ
မြတ်ဆီဖုန်းဆက်တော့ဖုန်းမကိုင်
စိတ်ပူလာပြီမို့ လင်းလက်ကိုဖုန်းဆက်တော့လဲ
သူ့ဆီကိုရောက်မလာဟူပြောသည်နွယ်စိတ်ညစ်သွားကာဧည့်ခန်းမှာထိုင်နေတုန်း
: happy birthday မေမေ
ဧည့်ခန်းထဲမှာထိုင်နေသည့်နွယ်ပါးပြင်ကို
တစ်ဖွဖွနမ်းလာသည့် ပန်းကလေး
သူလေးဟာအခုဆိုအပျိုပေါက်စလေးပင်ဖြစ်နေပြီ
ဆယ်ကျော်သက်အရွယ်မို့နွယ့်မှာစိတ်မချနိုင်: မင်းတို့ဘယ်သွားနေတာလဲ
မွေးနေ့ကိတ်ကိုယူလာသည့်မြတ်မှာပြုံးနေသည်
: ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေနော် အန်တီ
ပြုံးပြီးအနားကပ်လာကာ
နွယ့် လက်ဖမိုး နှင့် နွယ့်နဖူးကိုနမ်းရှိုက်သည်: သွား လာမနမ်းနဲ့ မင်း ဒီချိန်ကြီး
သမီးကိုအပြင်ခေါ်မသွားနဲ့ဆိုတာ
ပြောစကား နားမထောင်ဘူး: သမီးတို့ဘယ်မှမသွားပါဘူးမေမေရဲ့
ဒီလမ်းထိပ်က ကိတ်မုန့်ဆိုင်ကိုသွားတာ
မီး အဲ့မှာတွေ့ခဲ့တာလေ
ကိတ်မုန့်ကြီး က အရမ်းလှတာဘဲနော် မားလက်ဟန်ခြေဟန်နှင့်ပန်းကလေးကို
မြတ်ကပြုံးပြီးကြည့်နေကာခေါင်းငြိမ့်ပြသည်: သမီးကအဲ့ဟာကြီးကို
တစ်ယောက်တည်းစားချင်တာ: ဟ မားကရော်
: မကြွေးပါဘူး
လက်ညိုးလေးတွေကိုပွတ်တိုက်ကာ
ဂါဝန်လေးနှင့်လှုပ်စိစိကလေးလေးကို
မြတ်ကကြည့်ရင်းကြည့်ရင်းအသဲယားလာသလိုမို့: အခုတော့ အဲ့ကိတ်မုန့်မစားဘူး
ဒီလက်လေးကိုဘဲ ကိုက်စားတော့မယ်: အားးး မေမေ
အူယားစရာလေးမို့
ပန်းရဲ့လက်ကိုဆွဲကာ
ငုံ့လိုက်သည့်မြတ်ကြောင့်
နွယ်အပေါ်တတ်ပြေးသည့်သမီးပေါက်စကို
ပွေ့ချီကာနွယ့်အနားမှာလာထိုင်သည်နှစ်ယောက်ကြားမှာနွယ်မူးလာလေပြီ
: ကဲ ဆော့မနေနဲ့တော့
ညစားစားမယ်
YOU ARE READING
မြတ်နိုးသင့်သော်အမျိုးသမီးငယ်
Romance"ဆိုးတဲ့ကလေးကိုဘယ်လိုဆုံးမရမလဲကွယ်" "ဆိုးတယ်လား" "ဟုတ်ပါရဲ့ ဆိုးလိုက်တာချာလို့....ဘယ်လိုဆုံးမရပါ့" "ဆုံးမပေးမဲ့အစားချစ်ပေးလိုက်ပေါ့.... အန်တီ့ရဲ့ချစ်ခြင်းတွေအောက်မှာလိမ္မာပေးမယ်" "အို.....ကွယ် ဒီကလေးနှယ့်....ခက်ရချည်ရဲ့....." 1.2.2022 Own character...