"အဖေရေကျုပ်အလုပ်ရပြီဗျ"
အိမ်ပြန်ရောက်တာနဲ့သတင်းစာဖတ်နေတဲ့အဖေ့ဆီတစ်ကြွားကြွား
"ကောင်းတာပေါ့ကွ"
"ဒါပေါ့ဗျ သူကထူးဆန်းတယ်သိလား တွေ့တာမကြာသေးတဲ့ကျုပ်ကိုမှguideလုပ်ဖို့အသဲသန်ဖြစ်နေတာ"
"သူကမိန်းကလေးလား"
"ယောက်ကျားလေးဗျ"
"သူငယ်ချင်းလိုလိုအဖော်တစ်ယောက်လိုလို့နေမှာပါကွာ"
"ဟုတ်မယ်နော်"
ငါစိတ်လှုပ်ရှားလွန်နေတာဖြစ်မယ် အဆင်ပြေသွားမှာပါ
•••••
"ဟေ့ မညစ်နဲ့နော် ငါနိုင်တာလေ"
"ဘာတွေလာပြောနေတာလဲ ကျွန်တော်နိုင်တာပါ"
ထုံးစံအတိုင်းကလေးတွေနဲ့ကစားရင်းသူနိုင်ကိုယ်နိုင်ပြိုင်လုနေခြင်းဖြစ်သည်။
ကလေးလေးဖြစ်ပြီးအကြီးကိုအနိုင်မပေးပဲနဲ့ အမြင်ကပ်စရာလေးတွေ..."ကိုကို့ကိုအနိုင်ပေးလိုက်ပါကွာ ကိုကိုကနောက်နေ့တွေဆိုကစားရတော့မှာမဟုတ်ဘူး"
"ဘာဖြစ်လို့လဲဗျ ဘယ်သွားမို့လဲ"
"ကိုကိုကမနက်ဖြန်ကစပြီးအလုပ်သွားရတော့မှာဗျ"
"မသိပါဘူးမိန်းမယူပြီးကျွန်တော်တို့ကိုထားခဲ့မို့လားလို့"
"ဟဲ့ ဒီကလေးဘာတွေပြောနေတာလား ငါက၂၂နှစ်ပဲရှိပါသေးတယ်ဟယ်
မိန်းမမယူသေးပါဘူး"တယ်လည်းတတ်နိုင်လွန်းတဲ့ကလေးတွေရည်းစားတောင်မူးလို့ရှုစရာမရှိပါဆိုမှမိန်းမကယူခိုင်းချင်သေး တကယ်မနိုင်တာပါလားအေ.....
"အလုပ်ရတော့ကျွန်တော်တို့ကိုပေးနိုင်လေ"
"မ ရ ပါ ဘူး နော်"
တစ်လုံးချင်းဆွဲပြောလိုက်ပြီးကလေးတွေနဲ့ဆက်ဆော့လိုက်သည်မှာညနေ၄နာရီလောက်ထိ.....
ဒါတောင်အဖေလာခေါ်လို့အိမ်ပြန်လိုက်ရခြင်းဖြစ်သည်။တစ်ဖက်ကကောင်လေးတစ်ယောက်ကလည်းမတော်ရသေးတဲ့ချစ်သူလေးရဲ့အရုပ်လေးကိုကြိုးစားပမ်းစားပြန်လည်ပြင်ဆင်ပေးနေရှာတယ်။
YOU ARE READING
ပုဂံမြေမှဤချစ်ခြင်း(OC)
General Fictionဆောင်းဦးလေပြေဆိုတဲ့စာရေးသူရေးသားထားသောဇာတ်လမ်းဖြစ်ပါတယ် တဆင့်ပြန်တင်ပေးခြင်းသာ