တညနေလုံးလူကနုံးချိနေသည်။စိတ်ထဲလည်းနေလို့မကောင်းပါ။အရမ်းကိုမှဝေခွဲရခက်နေသည်။
"သား နင်နေမကောင်းဘူးလား"
"ကောင်းပါတယ်ဗျ
အဖေထမင်းစားနှင့်နော် ကျုပ် ရင်ပြည့်နေလို့"အဖေ့ဘက်ကအဖြေကိုမစောင့်ပဲအိမ်ရှေ့ကသစ်သားခုံလေးပေါ်ထိုင်ကာ နေဝင်လုလုဆဲမို့ လိမ္မော်ရောင်သမ်းနေသည့်ကောင်းကင်ကိုပဲခပ်ဆွေးဆွေးစိုက်ကြည့်နေလိုက်သည်။ မပေါ်မလွင်ထွက်နေသည့် လလေးတစ်ခြမ်းတောင်သူမြင်နေရ၏။
ဖြေးညှင်းစွာတိုက်ခတ်နေသည့်နွေလေရူးနဲ့အတူ သူ့စိတ်အစုံလည်း တြာ့ ကြောင့်ရူးရပါတော့မည်။
ခံစားချက်တွေကို တြာ့ နည်းတူဖွင့်ပြောမည်ကြံတိုင်းလည်းမဖြစ်နိုင်ဘူးဆိုတဲ့အတွေးကပဲတစ်ဖန်စိုးမိုးလာသည်။ တြာ က ဧည့်သည် အချိန်တန်သူ့ဌာနေပြန်လိမ့်မည်။သူကကျန်ခဲ့ရလိမ့်မည်။ မေမေ့လို မေမေလည်းသူနဲ့မတူတစ်သက်လုံးနေမှာပြောပြီးထားခဲ့သည်။ချစ်တယ် ပြောပြီးထားခဲ့သည်။ထပ်ပြီးတော့မကျန်ခဲ့ချင်တော့ပါ။
"ဟင့်အင်း"
ဆိုကာသူခေါင်းအတွင်တွင်ခါလိုက်သည်။မေမေကထားခဲ့တာမှမဟုတ်တာလေ။ ဘယ်သူမှသူ့ကိုမထားခဲ့တော့ပါဘူး။
ဖြေသိမ့်လေလေ ညွှတ်ကျလာလေဖြစ်သည့်စိတ်ကိုသူမုန်းသည်။ အခုတောင်ဝဲတက်လာသည့်မျက်ရည်တွေကိုမျက်တောင်ဖြင့်ပုပ်ခတ်ကာမကျအောင်တားဆီးနေရ၏။"မောင်"
"တြာ ဟင့်"
ဝမ်းနည်းမှုကလှိုက်သဲလာပြီးသူ့မျက်ရည်တွေကိုဘယ်လိုမှမထိန်းနိုင်တော့သောကြောင့်လွှတ်ချဖို့ပြင်လိုက်ချိန် မောင် ဆိုသည့်နာမ်စားလေးကိုသူ့နားထဲပဲ့တင်ထပ်သွားသည်။သူ့ကိုမောင်လို့ခေါ်သူသည်တစ်ယောက်ပဲရှိသည်။ ဟာ ညနေဘက်ကြီး တြာ ကဘာလို့ရောက်လာရမှာလဲ။ မသေချာမရေရာသည့်စိတ်ဖြင့်လှည့်ကြည့်လိုက်တော့ တကယ်ပဲ တြာ.....။
မောင့်ကိုထားသာထားခဲ့ရသည် စိတ်မချပါ။ မောင့်ရဲ့ပျော်နေသည့်တဖက်ခြမ်းပဲမြင်ဖူးခဲ့တာမို့ မပျော်ရွှင်သည့်မောင့်ပုံမြင်ရတာသူ့ရင်ထဲသိပ်ပူလောင်လွန်းသည်။ အခုချိန်ကအရုပ်လေးကိုပေးလို့ကောင်းမည့်အချိန်လည်းဖြစ်သည်ဟုတွေးမိပြီးမောင့်အိမ်လာလိုက်သည်။
YOU ARE READING
ပုဂံမြေမှဤချစ်ခြင်း(OC)
Ficção Geralဆောင်းဦးလေပြေဆိုတဲ့စာရေးသူရေးသားထားသောဇာတ်လမ်းဖြစ်ပါတယ် တဆင့်ပြန်တင်ပေးခြင်းသာ