အပိုင်း ၁၂ (Part 12)

128 7 0
                                    

"အခုလား မမခ"

"ဟုတ်တာပေါ့ ကြည်ပြာလေးရဲ့"

ဆိုက်တ်ထဲအလုပ်မရှိပဲ ဟိုကြည့်ဒီကြည့်လုပ်နေရတာပျင်းစရာသိပ်ကောင်းသည်။တွက်ချက်စရာလည်းမရှိ။ သို့ကြောင့်ဘုရားသွားရန်ကြည်ပြာလေးကိုအဖော်ခေါ်လိုက်သည်။ ကြည်ပြာလေးလည်းလုပ်စရာအလုပ်မရှိလောက်ဟုထင်သည်။

"အဲဒါဆိုသွားရအောင် ကြည်ပြာလေး လည်းပျင်းနေတာ"

"အို မမ နဲ့စိတ်တူနေတာပဲ"

"ဟီး မမ ကြည်ပြာလေး ရွှေဂူကြီးဘုရားဖူးချင်တယ်"

ဘုရားသွားရအောင်လားဆိုတော့ "ကြည်ပြာလေး လည်းပျင်းနေတာ" ဟုဆိုသည်။ ပျင်းနေတာကိုစောစောကတည်းမပြော။ သူစကားစမှ ရွှေဂူကြီးဘုရားဖူးချင်သည် တဲ့။

"အဲဒါဆို မမ ကိုလမ်းပြပေတော့ ကြည်ပြာလေး"

•••••

"လှလိုက်တာ မောင် ရယ်"

ထီးလိုမင်းလိုဘုရားကအပြန် ညောင်ဦးကားဂိတ်ဟောင်းရှေ့ တမာပင်တန်းကရင်သပ်ရှုမောဖွယ်ကောင်းလှသည်။ ရွက်နုတွေနဲ့တမာပန်းတွေတွဲမြင်ရတာမို့ စိမ်းစိုစိုဖြင့်သိပ်ကိုမှလည်းအေးချမ်းသည်။
လမ်းတစ်လျှောက်လုံးတမာပင်တန်းကြောင့်အရိပ်လည်းအပြည့်ရသည်။

"ရောက်ပြီလေ ဘယ်ဆက်မောင်းဦးမလို့လဲ"

"ရောက်ပြီလား မောင်"

တြာ ကအဲ့လိုလည်းကြောင်တောင်တောင်နိုင်သကိုး။သူ့မှာရီရခက်ငိုရခက်။
ရီရင်လည်းလှောင်တယ်ပြောဦးမလား။

"ရွှေဂူကြီးဘုရားကိုနန်းဦးဘုရားလို့လည်းခေါ်တယ်
နန်းတော်ဦးမှာတည်ထားမို့တဲ့"

သူကသာပြောနေတာ တြာ ကထပ်ငေးနေပြန်သည်။ ဒီအခြေနေကြီးကရှက်စရာကြီးဖြစ်သည်။
တော်သေးတာပေါ့ လူအများကြီးမရှိလို့။

"ယွန်းထည်လေးတွေကြည့်ပါဦး ကြည်ပြာလေး"

"မမခ သဘောကျလို့လား"

ဘုရားအရှေ့လမ်းဘေးတွင်ချခင်းရောင်းနေသည့်ယွန်းထည်ပစ္စည်းလေးတွေတွေ့သည်။ယွန်းထည်ကိုသူသိပ်သဘောကျသည်။လှလွန်းသောကြောင့်။နည်းတူ ယွန်းထည်ဖြင့်ပြုလုပ်ထားသည့်ပစ္စည်းမှန်သမျှကိုလည်းသဘောကျသည်။

ပုဂံမြေမှဤချစ်ခြင်း(OC)Where stories live. Discover now