နှိုးစက်သံနဲ့အတူနိုးထလာတဲ့ သုတြာ ဆိုတဲ့ကောင်လေးရဲ့မနက်ခင်းကကြည်နူးစရာအပြည့်ဖြင့်
အိပ်ယာကထတာနဲ့ညကလက်စသတ်ခဲ့တဲ့အရုပ်လေးဆီပြေးကြည့်မိသည်။ ထွေထွေထူးထူးအများကြီးပြောင်းလဲမသွားပေမယ့်ဆေးတွေပျက်ပြီးကြိုယတွေရှုပ်နေတုန်းကထက်စာရင်တော့ကြည့်ပျော်ရှုပျော်ရှိလာသည်။ ချစ်ရတဲ့ရုပ်သေးရုပ်လေးကသဘောမှကျပါ့မလားဟူ၍လည်းစိုးထိတ်မိသေးသည်။
"အန်တီရေ ဆိုင်ကယ်လေးကျွန်တော်ငှားလို့ရလားဗျ"
အပြင်သွားမို့ဆိုစီးစရာလိုတယ်ဟုတ်စ။ ကားကလည်း မမ ယူထားတော့ သူလမ်းလျှောက်လည်းမသွားနိုင်....သို့ကြောင့် အန်တီ့ဆီကဆိုင်ကယ်ငှားလိုက်သည်။
"ရပါတယ်ကွယ် သမီးလေးလည်းသွားစရာမရှိ အန်တီလည်းမစီးတတ်တော့"
"ကျေးဇူးပါဗျာ"
ကျေးဇူးစကားဆိုကာအန်တီ့ကိုနှုတ်ဆက်ပြီးချိန်းထားတဲ့နေရာလေးဆီထွက်လာခဲ့သည်။ အရုပ်လေးယူဖို့လည်းသူမမေ့။
•••••
"မဖြစ်နိုင်မှန်းသိပရက်နဲ့ သူ့ကိုပင်
ရွှေဘုံမင်းသမီးလေးကိုမှ ကိုယ်ကလိုချင်""ရွှေဘုံမင်းသားလေးကိုရောမလိုချင်ဘူးလား"
"အမလေး ဗုဒ္ဓေါ မနော"
ရုပ်သေးဆိုင်ဆီရောက်တော့ဆိုင်ခင်းနေတဲ့ဦးလေးကြီးနှင့်တွေ့သည်။ကောင်ငယ်လေးကတော့ရှိမနေ။ဆိုတော့ကသူထွက်လာတာအရမ်းစောလွန်းသွားပြီ။ဒါနဲ့ပဲ ဆက်စောင့်မနေတော့ ဦးလေးကြီးကိုကောင်ငယ်လေးအိမ်မေးပြီးရောက်လာခဲ့သည်။ ပေါက်စနကဘာတဲ့ အပင်တွေကိုရေလောင်းပြီးသီကျူးနေတဲ့သီချင်းက "ရွှေဘုံမင်းသမီးလေးကိုမှ ကိုယ်ကလိုချင်" ဆိုပဲ.....သူရောက်နေတာတောင်သိပုံမရ။
အသဲယားလာပြီးနောက်ချင်လာတော့အသံမပေးပဲ အတည်ပေါက်ကြီး ကောင်ငယ်လေးဆိုနေတဲ့စာသားအတိုင်း "ရွှေဘုံမင်းသားလေးကိုရော မလိုချင်ဘူးလား" ဟု အမေးထုတ်လိုက်သည်။ ဟိုကလည်းလန့်သွားဟန်။"ဟေး ဟေး ကိုယ်ရေစိုကုန်မယ်"
"အယ် ခင် ခင်ဗျားကဘယ်လိုရောက်လာတာလဲ???
ကျုပ်အိမ်ကိုဘယ်လိုသိတာလဲ ဟမ်"
YOU ARE READING
ပုဂံမြေမှဤချစ်ခြင်း(OC)
Tiểu Thuyết Chungဆောင်းဦးလေပြေဆိုတဲ့စာရေးသူရေးသားထားသောဇာတ်လမ်းဖြစ်ပါတယ် တဆင့်ပြန်တင်ပေးခြင်းသာ