"ဟယ်လို ဘာဖြစ်လို့လဲ မမခ
ဆိုက်တ်ကိုလည်းမလာဘူး နေမကောင်းလို့လား"မနေနိုင်လို့ဖုန်းဆက်ကြည့်လိုက်တော့ အသံချိုချိုလေးကကိုယ့်ကိုစိတ်ပူစွာလှမ်းမေးလိုက်တာကြောင့်သဘောတကျကျွန်မပြုံးလိုက်သည်။
"မမ ကောင်းပါတယ် ဘာမှမဖြစ်ဘူး
စာရင်းတချို့ခေါင်းရှုပ်စရာလေးရှိနေလို့ပါ ကြည်ပြာလေးရဲ့""အာ ကြည်ပြာလေးက မမ နေမကောင်းဘူးထင်နေတာ"
ကြည်ပြာလေးက တဲ့..... ကျွန်မသူ့ကိုခေါ်သလိုနူးနူးညံ့ညံ့လေးသုံးနှုန်းသွားသည်။
နေပါဦး သူအခုဘာဆက်ပြောရမှာလဲ။ထွေထွေထူးထူးအကြောင်းရင်းတစုံတရာမှမရှိ ဖုန်းဆက်လိုက်သောကြောင့်ဆက်စရာစကားစရှာမတွေ့တော့ချေ။
"ကြည်ပြာလေး ညနေကျအားလား"
"ကြည်ပြာလေးကညနေဆိုအလုပ်မလုပ်ပါဘူးနော်"
"အမ် ဟို အဲဒါဆို မမ ဆို့ဂေါ့ဖ်ရိုက်သွားရအောင်လား"
"ကြည်ပြာ ဂေါ့ဖ်မရိုက်တတ်ဘူး မမ
အဖော်လိုက်ပေးလို့တော့ရတယ်""အဲဒါဆို မမ လာခေါ်မယ်နော် ကြည်ပြာလေး"
ပုဂံကဂေါ့ဖ်ကွင်းတွေအကြောင်းကျွန်မကြားဖူးသည်။အတော်ကျယ်သည်တဲ့။ လုပ်စရာလည်းသိပ်မရှိတော့ ပုဂံရောက်လက်စတခါတည်းဂေါ့ဖ်ပါရိုက်သွားရမည်ဟုတွေးရင်ကြည်ပြာလေးကိုပါခေါ်လိုက်သည်။
နောက်နေ့တွေမှအေးဆေးဘုရားဖူးမည်လေ။"မမ ကတော်လိုက်တာ အဝေးကြီးရောက်တယ်
ခဏနားပါဦးလား မမ ရပ်နေတာအတော်ကြာပြီ"ကြည်ပြာလေးကဆိုတော့ ခုံပေါ်ထိုင်လိုက်ပြီး လည်ပင်းပေါ်တင်ထားတဲ့သဘက်နဲ့ချွေးစိုနေတဲ့မျက်မှာတစ်ဝိုက်ကိုသုတ်လိုက်သည်။ လက်ရဲ့တင်းနေတော့အကြောတွေပြေလျော့လိုပြောလျော့ငြား ခပ်နာနာလေးဖိနှိပ်လိုက်တော့ ကြည်ပြာလေးကတားလာသည်။
"အဲ့လိုမဖိရဘူးလေ မမ ရဲ့
တင်းနေတဲ့အကြောတစ်လျှောက်ဖွဖွလေးဖိပွတ်ပေးရတယ်""အဲ့လိုလား ကြည်ပြာလေး"
"ကြည်ပြာပဲနှိပ်ပေးတော့မယ်"
YOU ARE READING
ပုဂံမြေမှဤချစ်ခြင်း(OC)
General Fictionဆောင်းဦးလေပြေဆိုတဲ့စာရေးသူရေးသားထားသောဇာတ်လမ်းဖြစ်ပါတယ် တဆင့်ပြန်တင်ပေးခြင်းသာ