တြာ ခေါ်လာတဲ့နေရာက လက်ဆေးကိုဆေးခြယ်လို့ရတဲ့နေရာပင်။အခုခေတ်မှာအရမ်းကိုရေပန်းစားနေပြီးတော့ပုဂံလာသမျှခရီးသွားဧည့်သည်တိုင်းရဲ့လက်မှာတွေ့ရတတ်သည်။တချို့တော့ဘယ်လိုခေါ်လဲမသိ သူကတော့လက်ဆေးခြယ်တဲ့နေရာလို့ပဲခေါ်တတ်သည်။
"တြာ လက်ဆေးခြယ်မို့လား"
"ဟုတ်တယ် မောင်"
လက်ဆေးခြယ်မည်ဆိုတော့သူကထိုင်စောင့်ရမှာဖြစ်သည်။ဝေ့ဝိုက်ကြည့်လိုက်တော့ အနားမှာဒန်းလေးတစ်ခုတွေ့သည်။အပင်ရဲ့အကိုင်းမှာကြိုးနဲ့တွဲထားတာမို့ထိုင်လိုက်ရင်အငြိမ်မဟုတ်ပဲလှုပ်နေသည်။ဒါကြောင့်မို့သူထိုင်ရမှာလည်း ခပ်ကြောက်ကြောက်။
"အင်း အဲဒါဆို ကျုပ် ဟိုနားကဒန်းလေးမှာစောင့်နေမယ်"
"မောင် အရင်ခြယ်ရမှာပေါ့ ကိုယ်စောင့်နေမယ်"
"ဟင် ရ ရပါပြီ"
"ထိုင်ပြီးဘာပုံလေးကြိုက်လဲရွေး မောင်"
သိပ်တဇွတ်ထိုးဆန်တယ်လို့သူပြောသားပဲ။အခုတောင်ရပါတယ်ပြောတာကိုအတင်းတွေထိုင်ခိုင်းပြီးပုံတွေလာရွေးခိုင်းနေသည်။စားပွဲခုံလေးပေါ်တင်ထားတဲ့ပလပ်စတစ်သွန်းထားသည့်စာရွက်ပေါ်မှာ ပုံစံအမျိုးမျိုးနဲ့ဆေးခြယ်ထားသည့်လက်ပုံတွေကိုတွေ့သည်။အဲ့ထဲကမှမျက်စိကျချင်စရာကောင်းသည့်ပုံစံမျိုးလေးရွေးလိုက်သည်။
လက်ပေါ်ကျလာသည့်အနက်ရောင်ဆေးစိုနေသည့်စုတ်တံကခပ်အေးအေးရယ်မို့အသဲတယားယားဖြင့်။"မောင် ဒီဘက်ကိုကြည့်ပါဦး"
သူထိုင်နေတဲ့ခုံရဲ့အနောက်ဘေးဘက်မှာရှိတဲ့ တြာ့ ဆီသမင်လည်ပြန်ကြည့်လိုက်သည်။ဘယ်တုန်းကယူလာမှန်းမသိတဲ့ကင်မရာကြီးနဲ့ဆိုတော့ ဓာတ်ပုံရိုက်လိုက်တာဖြစ်မည်။ ကြည့်ရဆိုးမနေဘူးလား။ သူလှည့်ျကည့်လိုက်တဲ့အနေထားကပုံမှမကျတာ ရုပ်ဆိုးဆိုးထွက်လာမှာပဲ။ဓာတ်ပုံရိုက်ရင်တော့လှလှလေးဖြစ်ချင်တာလူတိုင်းရဲ့ဆန္ဒမဟုတ်လော။သူလည်းပုံထဲရုပ်ထွက်လှချင်သည်။
"ပုံထွက်ကောင်းသားပဲ"
"ပွပါဦး တွာ"
"ခဏ ကြာမှကြည့်ရအောင်နော်"
YOU ARE READING
ပုဂံမြေမှဤချစ်ခြင်း(OC)
Genel Kurguဆောင်းဦးလေပြေဆိုတဲ့စာရေးသူရေးသားထားသောဇာတ်လမ်းဖြစ်ပါတယ် တဆင့်ပြန်တင်ပေးခြင်းသာ