Part 7 (အပိုင်း၇)

45 5 0
                                    

"ဒီမှာ ဒီမှာ ခင်ဗျား ကျုပ်အရုပ်ကိုမယူလာဘူးလား"

"အယ် တောင်းပန်ပါတယ် မောင်
ကိုယ်မေ့ခဲ့တယ်"

မေ့ခဲ့သည်ဆိုတာဟာ မုသားသာ။ အရုပ်လေးကိုသီးသန့်ပေးချင်လို့မဆိုစဖူးမုသားအားဆိုခြင်းသာဖြစ်သည်။

"ခင်ဗျား ကလည်း"

"မနက်ဖြန်ယူခဲ့ပါ့မယ် မောင် ရယ်"

"ပြီးရော"

ဆိုင်ကယ်ပေါ် သူအရင်တက်လိုက်ကာ မောင့်အားဖက်ထားဖို့စကားဆိုလိုက်သည်။

"သေချာဖက်ထားနော်"

"ဗျာ"

ဆိုင်ကယ်ပေါ်ခုန်တက်လာတဲ့ပေါက်စလေးကအူကြောင်ကြောင်နဲ့ကြည့်နေပြန်ပါပြီ။ ဘာလို့အဲ့လောက်ချစ်ဖို့ကောင်းရတာလဲကွယ်။

"ဖြေးဖြေးမောင်းလေ ခင်ဗျား"

လမ်းနည်းနည်းကြမ်းတာကြောင့်ဆိုင်ကယ်စီးရတာသိပ်အဆင်မပြေ......
ချိုင့်တွေကြောင့်တချက်တချက်လည်း ဆိုင်ကယ်ကဆောင့်သေး။ဒီတခါတော့နည်းနည်းကြမ်းသွားတာမို့ သူ့ကိုမဖက်ပါဘူး တကြော်ကြော်လုပ်နေတဲ့ ပေါက်စကခါးပေါ်လက်လေးတင်လာပြီးငေါက်လာသည်။

"ကိုယ် ဖြေးဖြေးပဲမောင်းတာလေ
ချိုင့်ကြောင့်ဥစ္စာ ပြုတ်မကျချင်ရင်သေချာဖက်ထား"

"ဟင်" ဟုအသံသေးသေးလေးနဲ့ ခါးပေါ်တင်ရုံပဲတင်ထားတဲ့လက်နုနုလေးကသွယ်ယှက်လာသည်။
သူလည်းကျေကျေနပ်နပ်ပြုံးလိုက်မိသည်။

"ရောက်ပါပြီဗျာ"

"ဘုရားပန်းကပ်ရအောင် တြာ...."

"ကောင်းပြီ မောင် ကိုယ်သွားဝယ်လိုက်မယ်"

ပေါက်စနကိုခဏစောင့်ခိုင်းလိုက်ပြီး ခပ်လှမ်းလှမ်းကပန်းဆိုင်လေးမှာ နှင်းဆီပန်းနီနှင့်ကြယ်တာယာပန်းနှစ်စည်းဝယ်ခဲ့သည်။နေကလည်းအတော်ကိုမှပူလွန်း၍ပေါက်စနလေးကိုအရိပ်မကျတဲ့နေရာမှာစောင့်ခိုင်းခဲ့တဲ့ကိုယ့်ကိုကိုယ်ပဲအပြစ်တင်မိသည်။

"မြန်မြန်မလာပဲနဲ့ နေပူလို့အငွေ့ပျံတော့မှာပဲ"

ပန်းတစ်စည်းကိုယူလိုက်ပြီးဆိုလာသည်။ ဟုတ်ပါ့ နဖူးလေးပေါ်မှာချွေးတောင်စိုနေပြီ။

ပုဂံမြေမှဤချစ်ခြင်း(OC)Where stories live. Discover now