Part 6 (အပိုင်း ၆)

67 8 0
                                    

ကျုပ်ဒီစေတီမရောက်ဖြစ်တာအတော်ကြာပြီဖြစ်သည်။ မေမေရှိတုန်းကတော့ရောက်ဖြစ်ပေမယ့် အခုကဖေဖေ့ကိုလည်းမပို့ခိုင်းချင်တော့ မရောက်ဖြစ်တော့တာပင်။

"ဒီ စေတီက ၁၁၉၇ ခုနှစ်မှာတည်ခဲ့တာတဲ့ နရပတိစည်သူမင်းကအလှူဒါယကာလေ
မေမေ ရှိတုန်းကအလွတ်ရတဲ့ထိတတွတ်တွတ်ပြောပြနေတတ်တာသိလား"

သိသလောက် ကြားဖူးနားဝ စေတီတော်အကြောင်းကို ဘေးနားကအရပ်ရှည်ရှည်နဲ့သူဆီပြောပြပေးရသေးသည်။မနေနိုင်မထိုင်နိုင်မေမေ့အကြောင်းတွေပါဖောက်သည်ချမိသေး၏။

"မောင့် မေမေ နဲ့ဆိုပုံပြင်တွေအများကြီးနားထောင်ရမှာပဲ"

ကျုပ်ရီပြရုံမှလွဲ၍.......

"စေတီတော်ရဲ့ ငါးမျက်နှာမှာအာရုံခံဂူငါးလုံးရှိပြီးတော့ သီဟိုဠ်ဘုရင်ထံကနေမြတ်စွာဘုရားရဲ့သရီရဓာတ်တော်အဆူ၃၀ကိုရွှေကြုတ်နှင့်တကွ ဒီဓမ္မရာဇိကဆေစတီ တည်မယ့်ကျောက်ဖျာထက်မှာထားပြီးဌာပနာထားတာဆိုပဲ"

"မောင် ကဘယ်ဆိုးလို့လဲ ကိုယ် အရွေးမှန်သွားပြီ"

"မမြှောက်ပါနဲ့ဗျာ
ဂူဘုရားငါးခုမှာလည်းပုဂံဆေးရေး နံရံပန်းချီ မင်စာ တွေကိုတွေ့နိုင်တယ်တဲ့"

"အခုကိုယ်တို့သွားကြည့်ရအောင်"

ရုပ်သေးလေးခေါင်းတချက်ငြိမ့်ပြပြီးစေတီတော်အကြောင်းဆက်ပြန်သည်။

"ညောင်ဦး ရွှေစည်းခုံစေတီတော်နဲ့တူသယောင်ရှိပေမယ့် ထူးခြားတာက ပန္နက်အောက်ခြေကစတုရန်းပုံမဟုတ်ပဲငါးမြှောင်ပုံတဲ့ဗျ ယင်းအထက်မှာလည်းပစ္စယာသုံးဆင့်တည်ဆောက်ထားပြီးပစ္စာအဆင့်ဆင့်မှာလည်းငါးရာငါးဆယ်ဇာတ် စဉ့်သုတ်ရုပ်ကြွအုပ်ချပ်တွေကပ်ထားတယ်"

"နေပူတယ် မောင် ဂူထဲသွားဘုရားသွားဖူးရအောင်"

"ဟုတ်"

အပြင်မှာနေဒီလောက်ပူနေတာ ဂူတွင်းမှာအေးနေရောပါလား။

"ရင်ထဲပါအေးသွားတယ် ဟီးဟီး"

"ဟုတ်ပါ့ဗျာ အေးနေရောပဲ"

ကျုပ်စကားဆိုလိုက်သည်နှင့်တပြိုင်တည်းနံဘေးကသည်လူကထောက်ခံသည်။

ပုဂံမြေမှဤချစ်ခြင်း(OC)Where stories live. Discover now