Chapter...9

103K 6K 1K
                                    

ဌာနီကုန်းရွာလေးမှာ သက်ကြီးအိုမအဘိုးအ
ဘွားတွေက စာရေးစာဖတ်တတ်သူရှားလေ
သည်။ရွာထဲက ကလေးတွေနှင့်ကာလသားသ
မီးပျိုတွေတောင်စာရေးစာဖတ်တတ်တဲ့သူက
သိပ်မပေါများ။ ကျောင်းတတ်ဖို့ဆိုတာလည်း
ရွာမှာ ရွာကျောင်းပင်မရှိ။ကျောင်းတတ်ချင်
ရင် မြို့နဲ့နီးတဲ့ရွာလေးတွေမှာသွားတတ်ရတာ
ကြောင့် တခါကျောင်းသွားဖို့အရေး ခြေညောင်းဖိနပ်ပါးတဲ့ထိလျှောက်ကြရလေ
သည်။ရွာဦးဘုန်းကြီးကျောင်းကလည်း စာ
ရေးတတ်ဖတ်တတ်အောင်သင်ပေးပေမဲ့ ရွာ
က ကလေးအများစုကမိဘဖြစ်သူတွေနှင့်ငယ်
ငယ်တည်းကယောကျ်ားလေးဆိုရင်လယ်အလုပ်ကူလုပ်တံငါသည်ဖြစ်ရင်ဖြစ်၊မိန်းကလေး
ဆိုရင်ကောက်စိုက်ပျိုးနုတ်၊ဒီလိုနဲ့ဘဲရွာလေး
ကလည်ပတ်နေတာ။

ချမ်းသာတဲ့ဆိုတာခပ်ရှားရှား အဆင်ပြေစား
နိင်သောက်နိင်သူရယ်လို့တောင်လက်ချိုးရေ
လို့ရတဲ့အထိ။ရွာကဆေးမှူးလေးဆိုသည်မှာ
လည်းအနီးအနားကရွာလေးတွေကိုပါလှည့်
လည်ကုပေးနေရတာဆိုတော့ ရွာကိုတလကို
သုံးလေးခေါက်လောက်ဘဲရောက်လေ့ရှိတယ်
အခုလိုဆေးမှူးလေးက ဝေးလံခေါင်သီတဲ့ရွာ
လေးတွေကိုဆေးကုသပေးတယ်ဆိုတာနဲ့တင်
ကျေးဇူးတင်ရမယ်မဟုတ်လား။

ကလေးမီးဖွားဖို့အတွက်ကတော့ ရွာကဝမ်း
ဆွဲသည်ဒေါ်ကျဥ်မြကိုဘဲ အားကိုးကြရလေ
သည်။ရွာက ကလေးတော်တော်များများက
သူလက်ကထွက်လာကြသလိုတောင်ဖြစ်နေ
လေသည်။

ကျေးဌက်သံလေးတဆာဆာ၊ရွှေဝါရောင်စ
ပါးခင်းကြီးတွေနဲ့တကယ့်ကိုကျေးလက်ရွာ
လေးပင်ဖြစ်လေသည်။

"ပြန်လာကြပြီလား အောင်ကိုတို့လင်မယား
ကောအသာတကြည်ဖယ်ပေးရဲ့လား ဟဲ့ခတ္တာ
ငါ့သမက်လေးပြန်လာပြီ"

အိမ်နောက်ဖေးမှာ အကိုလေးပြန်လာတာနဲ့
တခါတည်းထမင်းစားရအောင်ခူးခပ်နေတဲ့
ခတ္တာမှာ အမေရဲ့အသံကြားတာနဲ့ကို လှစ်ခနဲ့
အိမ်ရှေ့ကိုပြေးထွက်လာပါလေရော။

"အကိုလေးပြန်လာပြီလား ရန်တွေကောဖြစ်
ခဲ့သေးလား အကိုလေးကိုဘာလုပ်ကြသေးလဲ
ဟင်"

"အရီးလေးရဲ့သမက်က အားကိုးရတာ
ဗျာ အောင်ကိုတို့လင်မယားဆိုပြေးရတဲ့အထိ
ဘဲ ကျုပ်သူငယ်ချင်းခတ္တာအတွက်စိတ်ချရပြီ
အရီးလေးရေ"

မူယာနွဲ့ဟန်ချီ [ Complete] Dove le storie prendono vita. Scoprilo ora