"တကယ်ကြီးလားအေ"
"အမလေး...တကယ်ပေါ့တော်၊ ကျုပ်မျက်စီအကောင်းကြီး
ပဲရှိသေးတယ်...""ဒင်းကိုက နန့်တန့်တန့်ပါအေ...ကျုပ်မပြောဘူးလား၊ဒီလိုပဲ
ဖြစ်လာမှာပါလို့....အခုတော့ကောင်းကော"ရွာထဲရှိ အပျိုအအိုစုံလှပါတဲ့ နေ့ခင်းအားလပ်ချိန်ဖြစ်တဲ့
ကောက်စိုက်နားချိန်( သို့မဟုတ်) ပျိုးနုတ်ပေါင်းသင်း လယ်
ယာစိုက်ပျိုးနားချိန်ဖြစ်တဲ့ အတင်းတုတ်ချိန်တစ်ခုပင်ဖြစ်လေ
သည်။ပါလာတဲ့ ထမင်းကြမ်းခဲနှင့် မနက်ကနွှေးလာခဲ့တဲ့ဟင်းကျန်
လေးကို အတူတူဝိုင်းဖွဲ့စားသောက်ရင်း အတိုအမြုပ်အနေနဲ့
အထူးတလှယ် အိမ်ကထည့်လာဖို့ကအသာထား တွေ့ရာ
လယ်ထဲက "တို့စရာ တို့ချင်လို့ အနည်းငယ်ခူးမယ်နော် "လို့
ပြောရုံနှင့် အတိုအမြုပ်စုံလင်စွာစားရလေ၏။ရွာရဲ့ အစဉ်အလာတွေမှာက ရွာသားတွေရဲ့လယ်ယာမှာတင်
မက အိမ်တိုင်းမှာပါသီးပင်စားပင် စိုက်ပျိုးကြတာမို့ အသီးအ
ရွက်ကတော့အလျှံပယ်ပင်ပေါလို့...ဘူးညွှန်၊ဖရုံညွှန်ဆိုရင်ဖြင့်
အို...ပေါလို့...ပေါလို့။တွန့်တိုတာမျိုးမရှိပဲ စေတနာကောင်းကြတဲ့ ဌာနီကုန်းရွာလေး
မှာတော့ မနက်မိုးလင်းသည်နှင့် ထုံးစံအတိုင်း လူသံ၊ခွေးသံ၊
ရွာဦးဘုန်းကြီးကျောင်းက အုန်းမောင်းခေါက်သံဖြင့် ကောင်း
မွန်စွာလည်ပတ်နေလျက်ရှိလေသည်။ယခုလည်း....
"ဗေဒင်မေးရင်ဆန်ကုန်တယ်၊ ကျုပ်ထင်ရင်ကို..လွဲခဲပါတယ်
တော်...""အရီးလေး...ပြောတာဟုတ်ကောဟုတ်ရဲ့လား၊ မတော်ကာ
စွပ်စွဲပြောဆိုတယ်ဆိုပြီး နှုတ်ကြမ်းလျှာကြမ်း ဒေါ်သီတာနဲ့
တွေ့နေမှဖြင့်""ကျုပ်က မဟုတ်တာမြင်မိပြီးအခုလိုပြောနေပါ့မလား...
ကျုပ်မြင်တာ မမှန်ကန်ရင် မျက်လုံးတောင်ဖောက်ထုတ်ပေး
လိုက်မယ်...ကျုပ်ထင်ရင်လွဲခဲပါတယ်ဆိုအေ"အရီးလေးခင်သောင်းက ဒူးတစ်ဖက်ကိုထောင်ကာ ဖက်ကြမ်း
ဆေးလိပ်ကြီးကို မီးတရဲရဲဖြင့်ဖွာပြီး ဟူးခနဲ့မှုတ်ထုတ်လိုက်
ကာ ချက်ကျအပ်ကျကိုပြောနေလေတော့၏။

BẠN ĐANG ĐỌC
မူယာနွဲ့ဟန်ချီ [ Complete]
Lãng mạnခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်