Chapter...31

73.9K 4.9K 293
                                    

အိမ်ကိုဆူပုတ်ပြီး ပြန်လာတဲ့ ဗိုက်ပူဘဲနူတ်
သီးလေးက ကားထဲမှာလည်းဘာမှသိပ်မပြော
ဘဲ ကားမှန်ပြတင်းပေါက်ကိုသာငေးကြည့်
နေလေသည်။

"စိတ်မညစ်ပါနဲ့ နောက်နေ့တွေရှိပါသေးတယ်
အခုရှာမတွေ့လည်း မနက်ဖြန်ထပ်သွားရှာကြ
တာပေါ့"

"ကျုပ်က ကျုပ်မွေးတဲ့အချိန်အနားမှာကျုပ်
ယောကျ်ားကိုရှိစေချင်တာ အကိုလေးက ကျုပ်လာတာမသိသေးလို့နေမှာပါ သိရင်
ကျုပ်ကိုထွက်တွေ့မှာပါနော်"

အားပျော့တဲ့အသံလေးနဲ့ နှုတ်ခမ်းလေးဆူ
မျက်နှာလေးပုပ်ထားရင်း သူကိုငဲ့ကြည့်ပြီး
ပြောလေသည်။

သူလည်း ခတ္တာနဲ့မျက်နှာချင်းဆိုင်ဆုံမိလိုက်
တော့ တွေးမိပြီးစာနာမိကာ...ပိုတောင်သနား
သလိုဖြစ်သွားရသည်။

"မင်းရဲ့ယောကျ်ားကမင်းကိုချစ်တယ်မလား
သူသာချစ်မြတ်နိုးရင် မင်းကမ္ဘာတစ်ဘက်
ခြမ်းရောက်နေရင်တောင် အပြေးလာမှာ"

"အို မောင်ကအပြေးလာစရာမလိုပါဘူး
မောင်ကတစ်လှမ်းရွေ့ရင်တောင် ပြေးတွေ့ရ
မဲ့လူက ကျုပ်ဘဲဖြစ်လိမ့်မယ်"

မောင် ဆိုသည့်သူရဲ့အကြောင်းကိုပြောလိုက်
တာနဲ့ ပြုံးပျော်သွားသည့် မျက်နှာလေးကို
အလွတ်မှတ်မိသွားသည့်အထိ စိုက်ကြည့်နေ
မိ၏။

"မင်းပြောပုံဆို သူကိုသိပ်ချစ်တဲ့ပုံဘဲနော်"

"မောင့်ကိုချစ်တာကဖြစ်သင့်တယ်လေ မောင်
ကကျုပ်ရဲ့အချစ်ဦး ကျုပ်ရဲ့သက်ဦးစံပိုင်လင်
ယောကျ်ား...ကုန်ကုန်ပြောရရင် ကျုပ်မောင့်
ကိုဘဲချစ်သွားနိင်တော့မှာ မောင်ကကျုပ်ရဲ့
အပြာရောင်နွေဦးပင်လယ်လေး"

ကဗျာဆန်ဆန် ညွှန်းဆိုချစ်စဖွယ်ပျော်နေ
သည့် ခတ္တာကို ပြုံးကာသဘောကျမိ၏။
ဒီကောင်လေးက အချစ်အကြောင်းကိုဖွဲ့နွဲ့
တတ်လိမ့်မယ်မထင်ခဲ့တာ။

"မင်းက ကဗျာဆန်ဆန်ပြောတတ်သားဘဲ
အမြဲတမ်းရန်တွေ့ပြီး စွာကျယ်လေးလို့ထင်မိ
လိုက်တာ"

"မောင့်အတွက် ခြွင်းချက်ပါ"

"သြော်!"

အသံရှည်စွဲပြီး လေးပင်စွာဘဲ နှုတ်စကားဆိုမိ
ပြီ။သေချာတာက ဒီကောင်လေးရဲ့ရင်ထဲကနှ
လုံးသားသော့ကို မောင်ဆိုသည့်သူက သိမ်း
ထားနိင်လိုက်ပြီထင်ရဲ့။

မူယာနွဲ့ဟန်ချီ [ Complete] Nơi câu chuyện tồn tại. Hãy khám phá bây giờ