ချစ်ရဆုံးသည်းသက်လေးကို အိမ်ထဲသို့တွဲကူ
ရုံတင်အားမရဘဲ တယုတယနဲ့ပွေ့ချီလာပြီး
မျက်နှာလေးကို ငုပ်ကြည့်ကာသိပ်သဘောကျ
နေတဲ့ သရဝဏ်ထွဋ်ခေါင်။ခတ္တာလေးမှာလည်း ယောကျ်ားဖြစ်သူနဲ့ကင်း
ကွာနေတာကြောင့် ဖြစ်တည်နေတဲ့အလွမ်း
တွေနဲ့ကော ရင်သွေးလေးကြောင့် ပိုချွဲပိုကပ်
ချင်နေတဲ့ စိတ်လေးကြောင့် ရင်ခွင်ထဲခေါင်း
လေးအပ်ပြီး ကြောင်ပေါက်စလေးလို့ တအင့်
အင့်နဲ့ ရှိုက်သံလေးထွက်ကာ တိုးဝှေ့နေလေ
၏။"ချွဲစိန်လေး ငိုနေတုန်းလား မောင်ရှိနေပြီမို့
စိတ်မပူနဲ့တော့နော် ""ဟင့် ငယ်ငယ်ကငိုပါဘူး ယောကျ်ားနားနေ
ချင်လို့ချွဲနေတာ""ဘယ်လိုခေါ်လိုက်တာ ပြန်ခေါ်ကြည့်ပါဦး"
"ယောကျ်ား လို့"
"အား! မောင်နားကြားမှားတာမဟုတ်ဘူးမ
လား ထပ်ခေါ်ပါဦး""ဟင့် ယောကျ်ားရေ ယောကျ်ား"
အခန်းထဲက ကုတင်ပေါ်ရောက်နေသည့်တိုင်
လုံးဝကိုအခွာမခံဘဲ ရင်ခွင်ထဲ ဖားပျံလေးလို့
ကပ်နေတာ ခြေထောက်လေးတွေနဲ့တောင်
ခွထားသေး။ငယ်ငယ်ဆီက ယောကျ်ားလို့ခေါ်တာကြား
လိုက်ရတာကြောင့် ပါးစပ်မစီနိင်အောင်သ
ဘောတွေကျပြီး ရင်ထဲမှာလည်း ပန်းတွေပွင့်
နေတော့သည်။အခုလိုကပ်နေလေ သူအနေနဲ့
အကြိုက်တွေလေပင်။"မောင့်ငယ်ငယ်က ပိုပြီးချစ်စရာကောင်းလာ
လို့ ချစ်လွန်းလို့ငုံထားချင်နေပြီကွာ""ဟင့် ငယ်ငယ်ကအရမ်းသတိရနေတာ ဘာ
လို့ပြန်မလာတာလဲလူဆိုးကြီး""ခုနတုန်းကယောကျ်ားဆို ဘာလို့လူဆိုးကြီး
ဖြစ်သွားရတာလဲ""သိဘူး"
ရင်ခွင်ထဲက ဖားပျံလေးက ခေါင်းလေးမှီပြီး
စိတ်ပါကောက်နေလေပြီ။ ငယ်ငယ်ပြောပုံအ
ရ သူသတင်းပို့ခိုင်းတဲ့ တပည့်တစ်ယောက်က
လည်း ငယ်ငယ်ဆီမရောက်ခဲ့ဘူးဆိုတဲ့သ
ဘောပေပင်။"ပြောတော့ခဏလေးပါဘဲ ပြန်လာခဲ့မယ်တဲ့
ငယ်ငယ်မှာကိုယ်ဝန်ကြီးနဲ့ချစ်လွန်းလို့လိုက်
လာရတယ် ပြီးတော့ဟိုအစ်မကြီးကလည်း
ပြောဆိုလုပ်တယ် အဲ့ဒါလူဆိုးကြီးကြောင့်သိ
လား အင့်ဟာ"

أنت تقرأ
မူယာနွဲ့ဟန်ချီ [ Complete]
عاطفيةခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်