ခတ္တာရဲ့ယောကျ်ား သရဝဏ်ထွဋ်ခေါင် ရွာကို
ပြန်လာပြီဆိုတဲ့သတင်းကို သံခဲဆီမှကြား
လိုက်ရသည့်နှင့် ရွာသားတွေကတော့ ပြသနာ
မီးမွှေးထားသည့် ဘခက်ကို ကြိုပြီးအသုဘချ
ထားလိုက်ကြသည်။ဘခက်ဆိုတဲ့ကောင်ကို တရွာလုံးကရွံမုန်းမုန်း
နေကြ၏ သူထောင်မကျခင်တည်းကရွာမှာ
လူစွာကြီးလိုလို လူမိုက်လူရမ်းကားလိုလိုနဲ့
တစ်ရွာလုံးကိုလိုက်အနိင်ကျင့် ဘေးနားက
သာပေါင်းညာစားတစ်သိုက်နဲ့ ခေါင်းဆောင်
လိုလိုဘာလိုလိုနှင့် လူတတ်ကြီးလုပ်နေတာသူ
လောက်မိုက်ရဲတဲ့သူမရှိဘူးဆိုတဲ့သဘောမျိုး
အခုလူသတ်ပြီးထောင်ထဲကထွက်လာတော့
နွားကိုဂြိုလ်တပ်ပေးလိုက်သလို ပိုပြီးမိုက်ရဲ
ရမ်းကားရဲနေခြင်းပင်။"ဘခက် မင်းခတ္တာကိုလွှတ်ပေးလိုက် သူယော
ကျ်ားဒီကိုမရောက်သေးခင်လွှတ်ပေးတာ
ကောင်းမယ်""ခင်ဗျားတို့ကဘာကြောက်နေတာလဲ မြို့သား
ကလှိမ့်ပတ်ချနေသမျှခံနေကြတာလား ဟိုက
တုတ်ပြနေတာက ခင်ဗျားတို့ကိုမျောက်
ခြောက်ခြောက်နေတာနားလည်လား"အလိုလေး!....မိမိကို ကာကွယ်ပေးမဲ့သူကြီး
ဖြစ်တဲ့ မောင်ပြန်လာပြီတဲ့။ဘခက်ကတော့
သူနိူက်လိုက်တဲ့တွင်းကကြွက်တွင်းထင်လိုက်
ပေမဲ့ မြွေဟောက်တွင်းဖြစ်နေတာကြောင့်မှား
ချေပြီ။"ခွေးကောင်ကြီး ခင်ဗျားတော့ အကိုလေး
လက်ချက်နဲ့သေဖို့သာပြင်တော့""မသေနိင်သေးပါဘူးခတ္တာလေးရာ ဟော့ဒီ
မောင်ကြီးက ခတ္တာလေးရဲ့ဘေးနားကအ
နှောက်အယှက်ကောင်ကိုရှင်းပြီး ခတ္တာလေးနဲ့
ပျော်ရွှင်စွာပေါင်းသင်းရဦးမှာလေ ဟားး""ထားလိုက်အဘ အကိုမိုးညိုကလည်းဒီကို
ရောက်တော့မှာ အဲ့ကျမှဒီလူယုတ်မာကောင်
ဘယ်လိုအသက်ထွက်မလဲစောင့်ကြည့်ရတာ
ပေါ့""ဟုတ်တယ် အရိုင်းအစိုင်းကောင့် ငါ့မောင့်ကို
နင်အသားယူထားသမျှ သချိုင်းသာသွားဖို့
လုပ်ထားပေတော့"သံခဲတို့အမခင်ထားတို့ကမကျေမနပ်ဖြင့်ခပ်
စိမ်းစိမ်းတွေကြည့်ကာ ဒေါသထွက်နေ၏ အခုဆိုခြံထဲမှာလည်းလူတော်တော်အုံနေ၏
ဘခက်ရဲ့အတင်းကာရော ခတ္တာလေးကိုလက်
ဆွဲပြီးရမ်းကားနေတာကို တားမြစ်နေကြရင်း
သရဝဏ်ထွဋ်ခေါင် ရောက်လာတာအချိန်
ကောင်းဖြစ်တာကြောင့် ဝမ်းသာနေကြ၏။
YOU ARE READING
မူယာနွဲ့ဟန်ချီ [ Complete]
Romanceခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်