Chapter...10

93.8K 5.9K 270
                                    

ညက မဂ်လာဦးညလေးမှာ ရင်ခုန်စိတ်လှုပ်
ရှားစွာနဲ့ ငယ်ငယ်ကလည်းသူနမ်းရှိုက်မူတွေ
ကို ငြိမ်ခံယူနေချိန် feelတတ်နေချိန်မှ ကျေး
ဇူးရှင်ယောက္ခမကြီးက မနက်အကြော်ထွက်ရ
မယ်ဆိုပြီးလှမ်းပြောလေတော့ မနက်မထနိင်
မှာတွေးပူသွားတာကြောင့်ကိုယ်ရှိန်ကိုသတ်
ပြီး အချစ်ရိုင်းတွေကို ပြန်လည်စိတ်ထိန်း
ချော့မြူခဲ့ရလေသည်။

ခတ္တာမှာလည်း လင်ဖြစ်သူရဲ့အထိအတွေ့မှာ
မျောလွင့်လိုက်ပါနေကာမှ အမေဖြစ်သူရဲ့အ
သံကြောင့် သတိပြန်ဝင်ပြီးရှက်ရွံတဲ့စိတ်က
လေးပေါက်ဖွားကာ အရှက်ပိုရလေသည်။
ဝေးသီခေါင်တဲ့ရွာလေးတွေမှာညဘက်ဆို
မအိပ်ခင် ရေနံဆီမီးခွက်ကလေးဖြင့်မီးထွန်း
ကြကာ အိပ်ကြသည့်အခါတွင်တော့မီးမှိတ်
အိပ်ကြသောကြောင့် တစ်ရွာလုံးညဘက်အိပ်
ပျော်သွားကြချိန်တွင် မှောင်မဲနေတာတော့
အမှန်ပင်။

မြို့ပြတွေလို လမ်းဘေးမီးတိုင်တွေလည်းမ
ရှိတာကြောင့် ရွာလမ်းတွေကမှောင်မဲပြီး
လသာတဲ့ညတွေတွင်တော့ တစ်ရွာလုံးကို
လရောင်ဖြင့် ရှင်းရှင်းမြင်နိင်လေသည်။
သို့ပေမဲ့ မနက်စောစောထကြတဲ့ရွာဓလေ့
ကြောင့် မနက်လေးနာရီလောက်ဆိုရွာထဲတွင်
ကျွတ်စီကျွတ်စီနဲ့ အသံတွေကြားနေရပြီဖြစ်
လေသည်။စောစောအိပ်စောစောထကြပြီး
လုပ်ငန်းခွင်ဝင်ကြတာမျိုးဖြစ်သည်။

"အကိုလေး ထဦး အကိုလေး"

"အင်းးးဘာဖြစ်လို့လဲ ပြန်အိပ်ကြမယ်လာ"

"နေဦးအကိုလေးအခုထမှရမယ် မိုးယိုနေလို့"

အိပ်ချင်မူးတူးနဲ့ ငယ်ငယ်ကိုဆွဲလှဲပြီးပြန်ဖက်
ပေမဲ့ မိုးယိုနေတယ်ဆိုတော့ အိပ်ချင်သည့်
မျက်လုံးပါပြူးသွားရလေသည်။

"မိုးယိုနေလို့ဟုတ်လား"

"ဟုတ်တယ်အကိုလေး မိုးရွာတော့အိမ်ကဓနီ
တွေကမလုံတော့လေ မိုးတွေယိုကုန်တာ
အကိုလေးအိပ်နေတာကို နှောက်ယှက်သလို
တောင်ဖြစ်ရပြီ"

သူလေးပြောမှသတိထားမိတော့ တဝုန်းဝုန်း
ဖြင့်ညနက်သန်းခေါင်အရှိန်ဖြင့်ရွာနေတဲ့မိုး။
တရံကာဓနီမိုးအိမ်လေးဆိုတော့ ခေါင်မိုးက
ဓနီတွေဆွေးချိန်မှာ မိုးစက်တွေကတိုးဝှေ့ကာ
ဝင်ရောက်လာကြခြင်းဖြစ်လေသည်။သူလေး
မျက်နှာမှာလည်း ကောင်းကောင်းမအိပ်ရ
တော့ဆူလေတော့မလားဆိုတဲ့ပုံစံလေးဖြင့်
မျက်နှာငယ်လေးနဲ့ကြည့်နေရှာလေသည်။

မူယာနွဲ့ဟန်ချီ [ Complete] Where stories live. Discover now