"မနိင်တော့ဘူး...ထိန်းကိုမနိင်တော့ဘူး...ငိုပဲငိုချင်တော့
တယ်...အကြီးကတစ်မျိုး...အငယ်လေးကတစ်မျိုးနဲ့"မွေးထားတာ 6လအရွယ်လေးပဲရှိသေးတဲ့ သားသားက ခတ္တာ
ရဲ့ ရင်ခွင်ဝှက်ထဲကနေ မျက်လုံးလေးပြူးလို့မော့ကြည့်ရှာပါ
၏။ အမေဖြစ်သူ ဒေါ်နှင်းမြက ကူထိန်းပေးပေမဲ့ သရဝဏ်
ထွဋ်ခေါင်ရဲ့ ဗီဇကတော့ သားနှစ်ယောက်လုံးမှာပါလာတယ်
ပြောရမလား...ခေါင်းမာချက်ကကမ်းကုန်...သွန်သင်ဆုံးမ
ရင်တော့နားထောင်ပေမဲ့ လုပ်ချင်သည့်ကိစ္စတွေဆိုရင်တော့
နောက်မဆုတ်တမ်း။သမီးလေးကတော့ သရဝဏ်ထွဋ်ခေါင်နဲ့
တူသလိုလိုပေမဲ့ အမွှေစိန်...ဒီကလေးသုံးယောက်နဲ့ ခတ္တာ
မှာ ဖတ်ဖတ်ကိုမောနေတော့၏။မွေးထားတာမကြာသေးတဲ့ တတိယသားလေးဖြစ်သူမှာအခု
တည်းက ဖအေအကျင့်တစ်ပုံစံတည်း...ခတ္တာကိုသာ မကြောက်တာ သရဝဏ်ထွဋ်ခေါင် ကိုတော့အကြီးကောအ
ငယ်ကအစ ချစ်ကြောက်ရိုသေကြသလိုမျိုး...ငယ်သေးလို့
သိပ်မသိပေမဲ့ ဖအေစကားတစ်ခွန်းဆိုတစ်ခွန်းပင်။"ဘာဖြစ်ပြန်ပြီလဲ ခတ္တာရယ်"
"အမေမြေးပေါ့ ထိန်းလို့ကိုမနိင်ဘူး...ဘယ်သူနဲ့တူမှန်းမသိ
ဘူး...""အမလေး...ငါနဲ့တူတာအေ...ငါနဲ့တူတာ ကဲမှတ်ကရော့
ဒီဖအေနှစ်ယောက်နဲ့ ဒီဖင်ထဲကမွေးထုတ်ထားပြီးဘယ်သူနဲ့
တူတာလဲမသိလုပ်နေတယ်...သမက်လေးနဲ့တူတာနေမှာပေါ့
အေ...အကျင့်ကဒီသွေးအတိုင်းပဲကို""အမေကလည်း...ကျုပ်လင်က အာ့လောက်မဆိုးပါဘူး..
အမေမသိလို့နော်...အမေမြေးတွေဆိုးချက်ကတော့ကမ်းကုန်
ဟော...ဟိုမှာတယောက် အခုတည်းက မနက်ဖြန်သင်္ကြန်အ
ကြိုနေ့အတွက်ရေပက်ဖို့ တာဆူနေတာ...စိတ်ညစ်ပါတယ်""စိတ်ညစ်တယ်ဆိုပြီး ပါးစပ်လေးကမချနဲ့သိလား..ဗိုက်က
တနှစ်တခါသင်္ကြန်ရောက်တိုင်း တစ်ဗိုက်ဖြစ်နေပြီ...တက
တည်းတော်""သုံးယောက်တည်းပါအမေရ...ဒီတစ်ခါ မောင်က နောက်က
လေးမမွေးခိုင်းတော့ဘူးတဲ့""ပြောတာပဲအေ..သူ့လင်စကားသူပဲယုံကောင်းလို့ အိမ်
တောင်ပြိုသွားတာတောင်မမှတ်ဘူး"
![](https://img.wattpad.com/cover/298296938-288-k61065.jpg)
ESTÁS LEYENDO
မူယာနွဲ့ဟန်ချီ [ Complete]
Romanceခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်