Chapter...37

80.7K 4.7K 229
                                    

ကုမ္ပဏီကို မဖြစ်မနေလို့သာ ဒီနေ့သွားရမည်
ဆိုပေမဲ့ ငယ်ငယ်ကိုစိတ်မချချင်။ သာမာန်ကိ
စ္စတွေဆိုရင် ကုမ္မဏီကို တပည့်ရင်းဖြစ်သူနဲ့
မျက်နှာလွှဲထားတာကာ စီမံခိုင်းလေသည်။

ဒီနေ့ကတော့ ရှယ်ယာရှင်တွေစုဝေးပြီး ကုမ္ပဏီ ရဲ့ စျေးကွက်တိုးချဲမူဆိုင်ရာတွေကို
ဆွေးနွေးကြမှာမို့ သူ့အနေနဲ့တတ်ရောက်ရ
မည်ဖြစ်လေသည်။

ကလေးလေးလိုကပ်ချွဲနေတဲ့ ဗိုက်ပူလေးကို
စိတ်မချပေမဲ့ အခန်းထဲသာအနားယူခိုင်းပြီး
သူပြန်လာချိန်ထိ ဘယ်မှမသွားရန် အတန်
တန်မှာကြားရလေ၏။

"မောင် ပြန်လာလို့ရှိရင်လေ ငယ်ငယ်အတွက်
သနပ်ခါးတုံးနဲ့ ကျောက်ပျဥ််ဝယ်လာခဲ့ပေးပါ
လား"

"ငယ်ငယ်က သနပ်ခါးလိမ်းချင်လို့လား"

ကုမ္မဏီ သွားဖို့အဝတ်အစားလဲနေသည့်သူ့ရင်
ဘတ်နားမျက်နှာလေးအပ်ကာ မျက်လုံးလေး
ဝိုင်းလျက် မော့ကြည့်ပြီးနှုတ်ခမ်းလေးဆူကာ
လိုချင်တာကိုပူဆာနေလေ၏။

"ငယ်ငယ် သနပ်ခါးကြိုက်တာသိသားနဲ့မောင်
လည်း ငယ်ငယ့်ပါးပေါ်ကသနပ်ခါးတွေဆို
အရမ်းစားချင်တာဆို"

ဟု ချစ်စရာနှုတ်ခမ်းလေးကပြောရင်း ခေါင်း
လေးတငြိမ့်ငြိမ့်လုပ်ပြလေသည်။

"မောင်"

"ဟင်!ငယ်ငယ်"

"ငယ်ငယ်ပါးပေါ်မှာ သနပ်ခါးတွေမရှိလို့ မနမ်း
ချင်တော့ဘူးလားဟင်"

ဟောဗျာ! ငယ်ငယ်ကသူ့ရဲ့အတွေးပီစီလေးနဲ့
စိတ်ကူးတွေများနေရှာတာ...ငယ်ငယ်ရဲ့ပါး
ပေါ်က ပါးအိုနီနီလေးက မောင့်ရဲ့နှုတ်ခမ်းတွေ
ကို အချိန်ပြည့်ဆွဲဆောင်နေတာမသိလေရော့
သလား။

"ရွှတ်...ပြွတ်"

မောင်က ရီဝေစွာ သူ့ကိုပြုံးပြပြီး ရုတ်တရက်
သူ့ရဲ့ပါးမို့မို့တွေကို နှစ်ခြိုက်စွာ နမ်းရှိုက်လိုက်
လေသည်။

"သနပ်ခါးဆိုတာကို ငယ်ငယ့်ရဲ့ပါးမို့ကနေ
မောင်နမ်းရှိုက်လိုက်ချိန်ကမှ နှစ်သက်မိသွား
တာပါ...စွဲလန်းမူတည်စေရာက ငယ်ငယ်ရဲ့
ပါးပြင်အိအိလေးတွေရဲ့နူးညံမူပါပဲ"

မူယာနွဲ့ဟန်ချီ [ Complete] Donde viven las historias. Descúbrelo ahora