8

726 94 1
                                    

[Unicode]

ချစ်တယ်လို့ တခမ်းတနားမပြောလိုဘူး

လက်ချင်းတွဲပြီးခြေလှမ်းညီညီပြေးရတဲ့

အခိုက်အတန့်တွေမှာ ရင်ခုန်တယ်။

ဒီလောက်ပါပဲ ..

BLUES

×××


" အား..ပျင်းစရာကောင်းလိုက်တာ "

နွေရာသီကျောင်းပိတ်ရက်ကိုဖြတ်သန်းနေတာ တစ်လမပြည့်သေးပေမဲ့ ပျင်းရိငြီးငွေ့ခြင်းတို့ကလျင်မြန်စွာနေရာယူလာသည်။
အိုက်စက်စက်ရာသီဥတုကြောင့် ခြံနောက်ဖက်ကသစ်ပင်အောက်မှာ လှဲလျောင်းနေကြတုန်း နီနီပြောလာတဲ့စကားသံတွေ။

" နင်ဘယ်အချိန်ထိအဲ့ကာတွန်းစာအုပ်ပဲဖတ်နေမှာလဲ "

ည​ေနစောင်းလာပြီဖြစ်တာမို့ အပူရှိန်ဟာအနည်းငယ်လျော့ကျလာသည်။
နီနီဟာအလိုမကျနိုင်တဲ့အဆုံး ကာတွန်းစာအုပ်ဖတ်ပြီးငြိမ်နေတဲ့လီလီ့ကိုအကြောင်းရှာလျက်ပြောလာတဲ့စကားတွေ။

" စာအုပ်စင်မှာဖတ်စရာကုန်တဲ့အထိ "

ရွဲ့ပြီးဖြေတာသိတော့ သူကမျက်စောင်းမဲ့မဲ့တစ်ချက်ပစ်တယ်။
ပြီးတော့မှောက်လဲအိပ်နေတဲ့လီလီ့ခါးပေါ်ခေါင်းအုံးချပြီးသစ်ပင်အခက်အလက်တွေကြားထိုးကျနေတဲ့နေရောင်စူးစူးကိုငေးနေပုံရသည်။

တိုင်းပြည်တစ်ပြည်ကမင်းသားလေးတစ်ပါးနဲအခြားတိုင်းပြည်တစ်ပြည်ကမင်းသမီးလေးတစ်ပါးကိုလက်ထပ်ပေးကြတယ်။
မင်းသမီးလေးကချောမောလွန်းတာမို့အိမ်နီးချင်းတိုင်းပြည်တွေအပြင်ဘီလူးတိုင်းပြည်အထိပါ
အဲ့မင်္ဂလာသတင်းဟာ ရောက်ရှိသွားခဲ့တယ်။
ဘီလူးတိုင်းပြည်ကဘီလူးမင်း ဟာမင်းသားနဲ့မင်းသမီးတို့ထိမ်းမြားတဲ့ မင်္ဂလာပွဲကိုတက်ရောက်ခဲ့ပြီးမင်းသမီးလေးကိုမြင်လိုက်ရတဲ့ တဒင်္ဂလေးအတွင်းမှာပဲချစ်မိသွားခဲ့တယ်။အဲ့တာကြောင့် မင်းသမီးကိုဖမ်းပြီးသူ့ရ​ဲ့ဘီလူးတိုင်းပြည်ကိုခေါ်သွားခဲ့တယ်။ဘီလူးဟာမင်းသမီးကိုချစ်လွန်းတော့ မင်းသမီးငြိုငြင်အောင်တစ်ခုမှမလုပ်ပဲ နန်းတော်ထဲမှာပဲမင်းသမီးခြေထောက်တွေကိုသံကြိုးချည်ပြီးထားတာတဲ့။
မင်းသမီးအဖမ်းခံလိုက်ရတော့ မင်းသားလေးဟာ သိပ်စိတ်ပူသွားတာပေါ့။မင်းသမီးကိုကယ်တင်ဖို့နည်းလမ်းအမျိုးမျိုးရှာကြံပြီးအဲ့ဒီဘီလူးတိုင်းပြည်ကိုတိုက်ခိုက်ခဲ့တယ်။
နောက်ဆုံးဘီလူးကြီးသေပြီး မင်းသားဟာမင်းသမီးလေးကို သူတို့ရဲ့တိုင်ပြည်ကိုပြန်လည်ခေါ်ဆောင်လာခဲ့တယ်။
ဒါပေမဲ့ မင်းသားဟာမင်းသမီးကြည်ကြည်ဖြူဖြူပြန်လက်မခံခဲ့ဘူး။မင်းသမီးဟာဘီလူးကြီးနဲ့တစ်ခုခုများဖြစ်ခဲ့ရင်ရောဆိုတဲ့စိတ်နဲ့မင်းသမီးလေးကိုသံသယ၀င်လာခဲ့တယ်။
တိုင်းပြည်တစ်ပြည်ရ​ဲ့အုပ်ချုပ်မှုအရှုပ်အထွေးတွေကြားထဲမှာ မင်းသမီးလေးဟာနန်းတော်ထဲကထွက်သွားခဲ့ရတယ်။

BLUESWhere stories live. Discover now