Intro

28.5K 1.6K 164
                                    

zawgyi

လူ့လောကထဲကို ရှေ့ဆင့်နောက်ဆင့် ရောက်လာခဲ့တဲ့ သူနဲ့ကျွန်တော် ။

" အူဝဲ... အူဝဲ..."

သူ့ထက် ကျွန်တော်က ၂ရက်ကြီးတယ် ။

မွေးနေ့တွင်ဆောင်းလေ့ရှိသည့် ကတော့ချွန်လေးနှစ်ခုကို ဆောင်းထားကြသည့် ကောင်လေးနှစ်ယောက် ။

တစ်ယောက်က ရွှေရောင်အသားအရေလေးနှင့် ဘာဘီအရုပ်သဖွယ် ရှည်လျားကော့ညွှတ်နေသည့် မျက်ဝန်းအိမ်ကျယ်လှလှ နှာတံစင်းစင်းထိပ်က ထင်းလျက်ရှိနေသည့် မှဲ့နက်လေးနှင့် အသည်းပုံသဏ္ဍာန်နှုတ်ခမ်းပါးလေးရှိသည် ။

နောက်တစ်ယောက်ကတော့ သူ့ဘေးကကောင်လေးထက် သိသိသာသာ ဖြူသည့်အသားအရေနှင့် နှာတံလုံးလုံး ကြယ်စင်လို တောက်ပ၀ိုင်းစက်နေသည့် မျက်ဝန်းလေး အနည်းငယ် ပွင့်ဟလျက်ရှိနေသော နှုတ်ခမ်းသားထဲမှ ခပ်ကြီးကြီးရှေ့သွားလေးနှစ်ချောင်း ။

သူတို့နှစ်ယောက်က သူတို့အရှေ့ရှိ စားပွဲတွင်တင်ဆောင်ထားသည့် မွေးနေ့ကိတ်ကို အရောင်တလဲ့လဲ့ တောက်နေသည့် မျက်ဝန်းလေးများနှင့် ကြည့်နေကြသည် ။

ငယ်စဉ်တည်းက တစ်ယောက်ရဲ့မွေးနေ့မှာ တစ်ယောက်က အမြဲတမ်း အတူရှိခဲ့ကြတယ် ။

အဲ့ဒီလိုဆိုပြီး သူနဲ့ကျွန်တော်က အချင်းချင်းအရမ်းချစ်ခင်ကြမယ်လို့ အသင်တို့ထင်နေရင် လုံးဝအမှားကြီးပါပဲ ။

ဘာဘီရုပ်လေးနှင့်တူသည့် ကောင်လေးက ကိတ်မုန့်ကို ညစ်ကျယ်ကျယ် ကြည့်ရင်းမှ ယုန်ရုပ်လေးနှင့် တူသည့် ကောင်လေး၏ ဦးခေါင်းနောက်စေ့ကို ဖိချကာ ကိတ်မုန့်တွင် မျက်နှာအပ်စေလိုက်သည် ။

" ဖူး!.. "

ကိတ်မုန့်ခရင်မ်များ မျက်နှာတစ်ခုလုံးထက် ပေကျံသွားကာ နှာခေါင်းပေါက်ထဲသို့ပင် ၀င်သွားသည်ကြောင့် ထိုကောင်လေးက ခံရခက်စွာ နှာတမှုတ်မှုတ် လုပ်နေရသည် ။

" ဟဲဟဲ... ငါ မင်းကို ကိတ်မုန့် အကုန်ကျွေးတယ်နော်.. ဂျွန်ဂျောင်ကု.."

သူ့၏စပ်ဖြဲဖြဲရုပ်လေး မပြီးဆုံးခင် ဂျောင်ကုက ကိတ်မုန့်ဗန်းကို ကောက်ယူကာ သူ့မျက်နှာထပ် ပြန်အပ်လာသည် ။

Romantic Friendship (Complete)Where stories live. Discover now