zawgyi
အမှောင်ကြီးစိုးနေသည့် မိုးကောင်းကင်အောက် ဂိတ်တစ်ခု၌ စီတန်းရပ်ထားသည့် Bus Carများ ။
မီးအလင်းရောင်များ ထွန်းညှိထားသည့် ပတ်ဝန်းကျင်က ဆိတ်ငြိမ်နေသည် ။
Bus Carတစ်ခု၏ နောက်ဆုံးခုံတန်းတစ်ခု၌ မှန်ပြတင်းပေါက်ဘက်ဆီမှာ အကပ်ခံထားသည့် ကောင်လေးက နောက်ကောင်လေးတစ်ယောက်၏ အုပ်မိုးနမ်းရှိုက်ခြင်းကို ခံနေရသည် ။" အင်းမ်...."
ရီဝေနေသည့် အသိအာရုံနှင့်အတူ နှုတ်ခမ်းပါးက ထူပူလာသည်အထိ အနမ်းရှိုက်ခံနေရသည်ဟူသည့် အိပ်မက်နှင့်အတူ ထယ်ယောင်း အသိစိတ်သဲ့သဲ့ ဝင်လာရသည် ။
" အာ... ငါ့ခေါင်း..."
အရက်အလွန်အကျွံသောက်မှုကြောင့် ဦးခေါင်းတို့က အုံခဲနေလျက် ထယ်ယောင်း အိပ်ရာထက် လူးလိမ့်ပြီးမှ မနည်းအားတင်းပြီး ထထိုင်လိုက်သည် ။
" ဝေါ့...."
ပျို့တက်လာသည့် ခံစားချက်ကြောင့် သန့်စင်ခန်းထဲ အပြေးအလွှား ဝင်လိုက်ရကာ သူ့၏တစ်နေ့တာက အရက်နာကျခြင်းနှင့် စတင်ခဲ့တော့သည် ။
" ကျွတ်.. ကျွတ်... တော်ရုံသောက်မှပေါ့.. ဒီမှာ ဟင်းချိုရေ သောက်လိုက်.."
" ကျေးဇူးပဲ.. အိုမား.. "
အိုမားက ထယ်ယောင်းအရှေ့မှာ အမူးပြေ ဟင်းချိုပန်းကန်လုံးကို ချပေးလာသည် ။
ခါတိုင်းရောက်လာနေကျ လီရှင်းကလည်း မရောက်လာသေးသည့်အပြင် သူ အိပ်ရာထသည်နှင့် တွေ့နေကျဖြစ်သော ဂျွန်ဂျောင်ကုကလည်း မရောက်လာသေးသဖြင့် ထယ်ယောင်း မျှော်တော့မျှော်နေမိသည် ။
" အိုမား... အခုထိ ဂျွန်ဂျောင်ကု မရောက်သေးဘူးလား..."
" အင်း.. ဒီနေ့မနက်တော့ မတွေ့မိသေးဘူး.. ဒါနဲ့.. ဘာလို့ မနေ့က စောစော ပြန်မလာတာလဲ... ဂျောင်ကုလေးက သားကို စောင့်နေတာ တစ်နေကုန်နီးပါးပဲ.. "
အိုမား၏အပြောကြောင့် ထယ်ယောင်း မနေ့တုန်းက ခြံဝကနေ သူရှိရာ အပြေးတပိုင်း ဦးတည်လာခဲ့သည့် ဂျွန်ဂျောင်ကု ပုံရိပ်ကို ပြန်အမှတ်ရလာသည် ။
" ဂျောင်ကုလေးက ကျန်းမာရေး အလုံးစုံ ကောင်းသေးတာ မဟုတ်ဘူး.. သားရဲ့ဒေါ်လေးတို့ကလည်း အလုပ်တဖက်နဲ့ ဂျောင်ကုလေးကို အဖော်မပြုပေးနိုင်တော့.. ဂျောင်ကုက တစ်နေ့တစ်နေ့ သူတစ်ယောက်တည်းပဲ ကျန်ခဲ့ရတာ.. ဂျောင်ကု ကျန်းမာရေး အရှင်းမပျောက်သေးခင်အထိ သားက ပိုဂရုစိုက်ပေးပြီး သူ့ကို အဖော်ပြုပေးသင့်တယ်.."
ESTÁS LEYENDO
Romantic Friendship (Complete)
FanficKim Taehyung × Jeon Jungkook Sweet romance, Comedy, Funny Both zawgyi & unicode Taekook makes me happy.