Part ~ 22

9.2K 1.1K 142
                                    

zawgyi

" မင်္ဂလာပါ.. အကို.. ဘယ်လိုဆံပင်ပုံစံ ပြောင်းချင်လဲ.."

Hair Salonသို့ ဝင်လာခဲ့သည့် ကင်မ်ထယ်ယောင်း ။
မှန်ရှေ့က ဆုံလည်ခုံတွင် နေရာဝင်ယူလိုက်ရင်း သူ့၏ဖွာလန်ကြဲနေသည့် ဆံနွယ်တို့ကို တစ်ချက်ကြည့်လိုက်သည် ။

" ဆံပင်ပြန်ဖြောင့်ချင်တယ်.."

အချိန်တစ်ခုကြာပြီးသည့် နောက်မှာတော့ ဆံနွယ်စင်းစင်းတို့နှင့် အနက်ရောင်ပြန်ပြောင်းဆိုးလိုက်သော ထယ်ယောင်း၏ ရှင်းသန့်ချောမောသည့်အသွင်က မှန်သားပြင်၌ ထင်ဟပ်လာခဲ့သည် ။

ဂျွန်ဂျောင်ကုဆီက အာရုံစူးစိုက်မှုပြန်ရအောင် သူ လုပ်မိလုပ်ရာ အကုန်လျှောက်လုပ်နေရာမှ အခုတော့ သူ့ရဲ့မာမီးခေါက်ဆွဲလို ဆံနွယ်ဖွာဖွာကောက်ကောက်လည်း ပြောင်းလဲသွားခဲ့ပြီဖြစ်သည် ။
.
.
.

" ဝိုး... စီနီယာအကိုက.. ဒီလိုပုံစံနဲ့လည်း သန့်ပြန့်ချောမောနေတာပဲ.. ဒါနဲ့.. လီရှင်းနဲ့ဆံပင်ပုံစံ အတူတူပြောင်းမယ်ဆိုပြီး တိုင်ပင်ထားကြတာလား.. လီရှင်းလည်း ဆံပင်ပုံစံ ပြောင်းလာတယ်.."

" ဟုတ်ပါ့.. လုံးဝ မိန်းကလေးတွေ အသည်းအသန် ဖြစ်သွားကြတာ.. လီရှင်းက အရမ်းချောတာပဲ.. သူ့မျက်ဝန်းကို စီနီယာအကို တွေ့ပြီးပြီလား.. စိမ်းပြာရောင်လေးလေ.. အား... အဲ့ဒီ့မျက်လုံးထဲ ပစ်ဝင်ချင်လိုက်တာ..."

" ရား.. ကိုယ့်သူငယ်ချင်းကိုတော့ အလွတ်ပေးကြစမ်းပါ.."

" သူငယ်ချင်းဖြစ်တိုင်း မကြူးရဘူးဆိုတဲ့ စည်း ဘယ်သူသတ်မှတ်ထားတာကြလို့.. စီနီယာအကိုကလည်း..."

" အေးပါ.. သဘောပဲ..."

အတန်းချိန်မဝင်ခင် တစ်ချိန်လုံးနီးပါး ဟေဆိုးနှင့်ဂျီဆိုးက လီရှင်း ဘယ်လောက်ချောမောကြောင်း ဘယ်လိုကြည့်ကောင်းကြောင်းသာ ရေပက်မဝင် ပြောနေကြလျှင် ထယ်ယောင်း သူမတို့၏ နှာဘူးကျနိုင်စွမ်းကို လက်ဖျားခါသွားရသည် ။

အတန်းချိန်ပြီးမှ စာအုပ်သိမ်းနေသည့် ထယ်ယောင်းထံသို့ လျှောက်လမ်းလာသည့် လီရှင်း ။

" ကင်မ်ထယ်ယောင်း..."

ထယ်ယောင်း မျက်လွှာပင့်ကြည့်မိသည့်အခါ ခါတိုင်း မျက်လုံးထက်ဝဲကျနေသည့် ဆံပင်ကေလိုမဟုတ်တော့ဘဲ သပ်သပ်ရပ်ရပ် လှန်တင်ထားသည့် လီရှင်းကိုတွေ့လိုက်လျှင် ဟေဆိုးတို့ ဖွဲ့နွဲ့သည်မှာ အလွန်တော့မဟုတ်ဘူးလို့ တွေးမိသွားရသည် ။

Romantic Friendship (Complete)Where stories live. Discover now