zawgyi
" စီနီယာအကို အဆင်ပြေရဲ့လား..."
အနုပညာမေဂျာဌာနဘက် ပြန်နေသည့် လမ်းတလျှောက် ထယ်ယောင်း အောင့်မြက်သွားသည့် ခါးလေးကိုကိုင်ကာ တကျွတ်ကျွတ် မြည်တမ်းနေရသည် ။
" ငါ့ပုံစံက အဆင်ပြေတဲ့ပုံ ပေါက်နေလား.."
" မပေါက်ဘူး.. ဟီး.."
" အားရှ်.. ဒေါသထွက်လိုက်တာ.. ဂျွန်ဂျောင်ကု.. ယောက်ျားတစ်ယောက်မှာ ခါးက အရေးကြီးဆုံးကို.. "
သူ့၏ရှုံ့မဲ့နေသည့် မျက်နှာကို ဟေဆိုးနှင့် ဂျီဆိုးက မနှစ်သိမ့်တတ်စွာ ကြည့်နေရင်းမှ တစုံတရာကို လှမ်းမြင်လိုက်ရဟန်နှင့် ဟေဆိုးက မျက်လုံးလေး ဘလင်းဘလင်း ဖြစ်သွားကာ ဂျီဆိုးကို တံတောင်နှင့် လှမ်းထိုးသည် ။
" ရား.. ရား.. အဲ့ဒါက ဘတ်စကတ်ဘောလုံး အသင်းခေါင်းဆောင် စီနီယာယွန်းဂီနဲ့ ကျောင်းသားဥက္ကဋ္ဌ စီနီယာဟိုဆော့မလား.."
ဟေဆိုး ညွှန်ပြသည့်နေရာကို ဂျီဆိုးရော ထယ်ယောင်းပါ အကြည့်ရောက်သွားလျှင် လက်ချင်းတွဲလျက် လျှောက်လမ်းနေကြသော ချောမောလှပသည့် လူရွယ်နှစ်ဦးကို တွေ့လိုက်ရသည် ။
" ရား.. ရား .. သူ..သူတို့က.. ဘယ်လိုကြည့်ကြည့်.. ချစ်သူတွေနဲ့ တူမနေဘူးလား.. "
" ငါ ပြောချင်တာလည်း အဲ့ဒါ.."
ဟေဆိုးနှင့်ဂျီဆိုးက ထိုစီနီယာတို့ကို ကြည့်ကာ လှုပ်လှုပ်ယွယွ ဖြစ်နေစဉ် စီနီယာယွန်းဂီက ခေါင်းလေးစောင်းငဲ့ကာ စီနီယာဟိုဆော့၏ ခေါင်းလေးကို ခပ်ဖွဖွပုတ်ရင်း သွားသေးသေးလေးများ ပေါ်သည်အထိ ရယ်မောနေသည် ။
" ရား.. တကယ်ကြီးဟ..."
" အား!!!!...."
သံပြိုင်အော်ဟစ်လိုက်ကြသော ဟေဆိုးနှင့်ဂျီဆိုးကြောင့် ထယ်ယောင်း နားပင်ကန်းမတတ် ဖြစ်သွားရသည် ။
" နောက်ဆုံးတော့ ငါတို့ရဲ့သင်္ဘောကြီးက အစစ်အမှန်ကြီး ဖြစ်သွားခဲ့တာလား!!..."
" ငါတို့က shipရုံပဲ shipပေမယ့်.. သူတို့က တကယ်ကြီး ကြိုက်နေကြတယ်!!.."
" အား!!..."
နှစ်ယောက်သား လက်အချင်းချင်းဆုပ်ကိုင်ကာ ကမ္ဘာပျက်သလို အော်ဟစ်သံမျိုးနှင့် ခုန်ပေါက်နေကြသည်ကို ထယ်ယောင်းကတော့ စိတ်လေသလို ခေါင်းသာယမ်းမိသည် ။
YOU ARE READING
Romantic Friendship (Complete)
FanfictionKim Taehyung × Jeon Jungkook Sweet romance, Comedy, Funny Both zawgyi & unicode Taekook makes me happy.