Part ~ 3

10.1K 1.2K 46
                                    

zawgyi

အရေးပေါ်ကားများ၊ ရဲကားများဖြင့် ရှုပ်ထွေးသွားရသည့် အခင်းဖြစ်ပွားရာနေရာ ။
တခြားကားစီး၍ ချမ်းသာရာရခဲ့သည့် ဆရာ၊ဆရာမများနှင့် ကျောင်းသူ၊ကျောင်းသားများကလည်း မျက်ရည်များ ရစ်သိုင်း၍ စိုးရိမ်နေကြသည် ။

" ကားသမားကတော့ ပွဲချင်းပြီးပဲ.."

" ဒီမှာ ကျောင်းသားတစ်ယောက် နှလုံးမခုန်တော့ဘူး.."

ကယ်ဆယ်ရေးဝန်ထမ်းတစ်ဦး၏ အရေးပေါ်အသက်ကယ်နည်းဖြင့် ကယ်တင်လိုက်သောကြောင့် ပြန်လည်လှုပ်ရှားလာသည့် နှလုံးခုန်နှုန်း ။

" ဟူး..တော်သေးတာပေါ့.. ဒီတစ်ယောက်ကို ဆေးရုံမြန်မြန် ပို့မှရမယ်.. ဦးခေါင်းက သွေးထွက်လွန်နေတယ်.. ခွဲစိတ်မှရမယ်.."

အရေးပေါ်ကားနောက်ခန်း၌ အတင်ဆောင်ခံလိုက်ရသည့် ဂျွန်ဂျောင်ကု၏ ခန္ဓာကိုယ် ။
.
.
.

ထယ်ယောင်းတစ်ယောက် ညစာစားပြီးသည်နှင့် မိမိ စောင့်ကြည့်နေသည့် Seriesက လာတော့မည်ဖြစ်၍ TVရှေ့မှာ နေရာယူလိုက်သည် ။

" သား.. ထယ်လေးရေ.. လုပ်ပါဦး.. ဘယ်လိုလုပ်ကြမလဲ..."

အိမ်ထဲသို့ မျက်ရည်များနှင့် ငိုယိုရင်းဝင်လာသည့် ဂျောင်ကု၏အမေကြောင့် ထယ်ယောင်း ထိတ်ထိတ်ပျာပျာ ဖြစ်သွားလျက် ထရပ်မိလျှင် ဒေါ်လေးက သူ့ကို အားကိုးတကြီး ဖက်တွယ်လာသည် ။

" ဘာဖြစ်လို့လဲ ဒေါ်လေး.. ဘာပြဿနာ ရှိလို့လဲ..."

" သား.. ဂျောင်ကုတို့ရဲ့ ကျောင်းကား အက်ဆီးဒင့် ဖြစ်လို့တဲ့.. အခြေအနေက စိုးရိမ်ရတယ်လို့ သူ့ဆရာမက ပြောတယ်.. ဒေါ်လေးတို့နဲ့ ဆေးရုံကို လိုက်ခဲ့ပေးပါ.. ထယ်လေးရယ်.. ဒေါ်လေး.. သား တစ်ခုခု ဖြစ်သွားမှာကို စိုးရိမ်တယ်.."

ဒေါ်လေး၏စကားက ထယ်ယောင်း ဦးခေါင်းတည့်တည့် မိုးကြိုးပစ်ချလိုက်သလို ။

" တိတ်...တိတ်ပါ ဒေါ်လေးရဲ့.. ဂျောင်ကုက ဘာမှ မဖြစ်လောက်ပါဘူး.. ဦးလေးကိုရော ပြောပြီးပြီလား.."

" အင်း.. သူလည်း တုန်လှုပ်သွားလို့ ကားမမောင်းနိုင်ဘူး.. Taxiခေါ်ထားတယ်.."

Romantic Friendship (Complete)Where stories live. Discover now