Part ~ 15

8.8K 1.1K 103
                                    

zawgyi

" အား.. ကျွတ်.. ကျွတ်.. ငါ့ခေါင်း.."

အရက်နာကျလျက် နိုးထလာရပြန်သည့် မနက်ခင်း ။

" ဝေါ့..."

ထယ်ယောင်း ဘိုထိုင်အိမ်သာမှာ ခေါင်းစိုက်ရင်း အန်ဖတ်ဆို့ပြီးမှ တစ်ခေါင်းလုံး ချာချာလည်နေသည့် ခံစားချက်နှင့်အတူ မနေ့တုန်းက သောက်ခဲ့မိသည်ကို နောင်တအထပ်ထပ် ရနေသည် ။

" နောက်တစ်ခါ မသောက်တော့ဘူး.. သေတော့မလိုဘဲ..."

ဒီနေ့က အတန်းချိန် မရှိသည်ကြောင့် သူ အေးအေးဆေးဆေးပင် ရေမိုးချိုး အဝတ်အစားလဲပြီးမှ အောက်ထပ်ကို ဆင်းလာခဲ့သည် ။

" ငါ.. မနေ့တုန်းက.. အခန်းထဲကို ဘယ်လိုပြန်ရောက်လာခဲ့တာလဲ??..."

သူ ဂျွန်ဂျောင်ကုကို လက်ပြနှုတ်ဆက်ပြီး ခြံဝင်းထဲ ပြေးဆင်းသွားခဲ့သည် ။
အီး... ပြီးတော့ ပြေးတောင် ဖက်လိုက်သေးတယ်..။

" အားရှ်.. ကင်မ်ထယ်ယောင်း.. မင်းတော့ တော်တော်လေး စိတ်လွှတ်သွားတာပဲ.. ဘာပဲဖြစ်ဖြစ် ဂျွန်ဂျောင်ကုက ငါ့ခံစားချက်ကို မသိလောက်ပါဘူး.. "

မီးဖိုခန်းထဲ သူ ဝင်လာခဲ့လျှင် လီရှင်းက ထမင်းစားပွဲဝိုင်းမှာ စားသောက်နေသည် ။

" မင်းကို အခုတလော မတွေ့တာတောင် ကြာပြီ.. ဘယ်တွေ ရောက်နေတာလဲ..."

" ငါ.. လာပါတယ်.. မင်းနဲ့ မကြုံတာ.."

ထုံးစံအတိုင်း လီရှင်း၏ မျက်လုံးထက် ဝဲကျနေသည့် ဆံနွယ်ခွေလိမ်လိမ် ။

" ဟုတ်လား.. ကျောင်းမှာလည်း မတွေ့မိလို့လေ..."

ရေခဲသေတ္တာထဲကနေ ရေဘူးထုတ်ယူရင်း အဖုံးဖွင့်မော့သောက်နေသည့် ကင်မ်ထယ်ယောင်း၏ အပြုအမူတစ်ခုချင်းဆီကို လီရှင်း လိုက်လံကြည့်နေမိသည် ။
သဘောကျစိတ်တို့ လျော့ပါးလိုလျော့ပါးငြား ကင်မ်ထယ်ယောင်းကို သူ ရှောင်နေခဲ့တာဖြစ်ပေမယ့် တစ်စက်လေးမှ မလျော့ပါးသွားဘူးပဲ ။

" ဂျွန်ဂျောင်ကုကရော.. ဘာလို့ မရောက်လာသေးတာလဲ.."

" သားရော.. လီရှင်းနဲ့ တစ်ခါတည်း ထမင်းစားလိုက်လေ.."

Romantic Friendship (Complete)Wo Geschichten leben. Entdecke jetzt