Part ~ 8

9.1K 1.1K 104
                                    

zawgyi

" ထယ်လေးရေ.. ဒီနေ့က ဒေါ်လေးအိမ်မှာပဲ လာစား.. လီရှင်းလေးကိုလည်း ဒီဘက်ပဲ ခေါ်လိုက်.."

" ဟုတ်.. ဒေါ်လေး.."

ဒေါ်လေး၏စကားကြောင့် လီရှင်းကို ဖုန်းဆက်ကာ ဂျောင်ကုတို့ အိမ်ဘက်ကိုပင် လာခိုင်းလိုက်သည် ။

" မင်း.. ဒီနေ့ အတန်းမတက်ဘူးနော်.."

" အင်း.. သူငယ်ချင်းတွေနဲ့ အပြင်ရောက်သွားလို့.."

" ပိတ်ရက် အားလား.. ငါတို့ ဂျောင်ကုကိုခေါ်ပြီး အပြင်လျှောက်လည်ကြမလို့.."

" အင်း.. အားတယ်.."

ထမင်းစားပွဲမှာ သုံးယောက်သား ထိုင်စားကြရင်းမှ ဆံနွယ်တို့က မျက်လုံးကိုဖုံးအုပ်ထားသည့် လီရှင်းကို ထယ်ယောင်း အကြည့်ရောက်ရောက်မိရင်း မျက်စိစူးလာရသည် ။

" ပြောချင်တာ ရှိလို့လား.. ဘာလို့ ခဏခဏ ကြည့်နေတာလဲ.. "

" မြင်တယ်ပေါ့.."

" မြင်တာပေါ့.. ငါ့မျက်လုံးက အကောင်းအတိုင်းပဲ.."

အချိုးမပြေသော လီရှင်း၏ ပုံရိပ်ကြောင့် ထယ်ယောင်း နဂိုတည်းက သူ့ကိုအမြင်ကပ်သည့်စိတ်လေး ရှိနေသူပီပီ ညစ်ကျယ်ကျယ် အတွေးတစ်ခုက ခေါင်းထဲလက်ခနဲ ၀င်လာသည် ။

" လီရှင်း.. မင်းရဲ့ဦးလေးအိမ်မှာ.. မင်းတစ်ယောက်တည်း နေတာမလား.."

" အင်း.. အဲ့ဒီ့တော့.."

" ဒုက္ခပဲ... မင်းရဲ့ဦးလေးက မကျွတ်ဘူးထင်တယ်..."

ထယ်ယောင်းတစ်ယောက် ဉာဏ်နီဉာဏ်နက်ဖြင့် အမူအရာတွေ ပိုပြသည် ။

" ဘာကို မကျွတ်တာလဲ.. ငါ အဲ့ဒီ့မှာနေတာကြာပြီ.. ဘာမှမဖြစ်ဘူး.."

" ငါ မင်းအိမ်ရှေ့ ဖြတ်လျှောက်တုန်းက ၀ရန်တာမှာ ကတုံးနဲ့လူတစ်ယောက်ကို လှမ်းတွေ့တယ်.. ငါက ဘယ်သူပါလိမ့်ဆိုပြီး စိုက်ကြည့်တော့ သူက ငါ့ကို ရယ်ပြတယ်.. သူ့ရွှေရောင်သွားလေးတောင် လက်ခနဲပဲ.. ဒေါ်လေးတောင် ပြောသေးတယ်.. လီရှင်းရဲ့အိမ်မှာ ဧည့်သည်ရှိတယ်ထင်တယ်တဲ့.. သူ ဖြတ်သွားတိုင်း နှစ်ယောက်တွေ့တယ် ပြောတယ်.."

Romantic Friendship (Complete)Where stories live. Discover now