Part ~ 11

8.6K 1.1K 81
                                    

zawgyi

လူ့လောကထဲကို ရှေ့ဆင့်နောက်ဆင့် ရောက်လာခဲ့တဲ့ သူနဲ့ကျွန်တော် ။

" အူဝဲ... အူဝဲ..."

ငယ်စဉ်တည်းက တစ်ယောက်ရဲ့မွေးနေ့မှာ တစ်ယောက်က အမြဲတမ်း အတူရှိခဲ့ကြတယ် ။

ကျွန်တော်တို့နှစ်ယောက်က အမြဲတစေ ရန်ဖြစ်ခဲ့ကြသလို မတည့်အတူနေတဲ့သူတွေပေါ့ ။

" ပေး!..."

" ဝါး!... အီး..ဟီး .. အိုမား.. သားသားမုန့်ကို ထယ်ထယ်က လုစားပြန်ပြီ..."

" အဲ့ဒါ.. ငါ့ဟာ..."

" ဝါး... အီး...ဟီး .. အိုမား.. သားသားအရုပ်ကို ထယ်ထယ်က လုသွားပြန်ပြီ..."

ငယ်စဉ်တုန်းက သူ့ကို မရိုးနိုင်အောင် အနိုင်ကျင့်ခဲ့တဲ့ကျွန်တော် ။
အရွယ်ရောက်လာတော့ ပိုးစိုးပက်စက် ၀ဋ်ပြန်လည်ပါတယ် ။

" ရား.. အဲ့ဒါ ငါ့မုန့်လေ.."

" ပြန်ဝယ်စားပေါ့.. ကင်မ်ထယ်ယောင်းလေးရဲ့.. ငါ ကန်တင်းသွားရမှာ ခြေထောက်ညောင်းတယ်.."

ကန်တင်းကို အမြဲတမ်းနှစ်ခေါက် သွားရပြီး.. ကိုယ့်ဘတ်ဂျက်လည်း အတော်ထိခဲ့တယ်..။

စိတ်မထိန်းနိုင်လို့ သူ့ကို ဒေါသတကြီး ထုရိုက်မိတဲ့အခါ..

" အား!.. အား.. အ.. ဂျွန်ဂျောင်ကု!.. ငါ့ကို အဲ့လိုလုပ်တာ မကြိုက်ဘူးလို့!!.."

သူ့ရဲ့သန်မာလှတဲ့ လက်မောင်းကြားမှာ ခေါင်းအညှပ်ခံရပြီး ဆံပင်ထိုးဖွခံရကာ အနိုင်ကျင့်ခံရတယ်..။
ကျွန်တော်တို့နှစ်ယောက် ပြေလည်တယ်ဆိုတာက ခပ်ရှားရှားရယ် ။

မကျေနပ်စိတ်တွေနဲ့ အမြဲတစေ ဒုက္ခရောက်ဖို့ မေတ္တာပို့ခဲ့ရတဲ့သူက..
ကျွန်တော့်ကိုဆို အမြဲတစေ မညှာမတာ ဆက်ဆံခဲ့တဲ့သူက..

အခုတော့.. ကျွန်တော့်ရဲ့ရှေ့မှာ နူးညံ့တဲ့မျက်ဝန်းအစုံ.. ကြည်လင်အေးချမ်းတဲ့ မျက်နှာလေးနဲ့ ကျွန်တော့်ကို ရင်ခုန်အောင် ပြုစားနေတယ်..။

" မောနင်း... ယောင်း..."

အပြုံးနုနုနှင့်အတူ ထယ်ယောင်းကို စကားဆိုလာသည့် ဂျွန်ဂျောင်ကုကြောင့် ထယ်ယောင်း အသိစိတ်ဝင်လာရရင်း အလန့်တကြား ထထိုင်မိလိုက်သည် ။

Romantic Friendship (Complete)Où les histoires vivent. Découvrez maintenant