Part ~ 7

9.2K 1.1K 47
                                    

zawgyi

ထမင်းစားပွဲဝိုင်း၌ နှစ်ယောက်ယှဉ်တွဲထိုင်နေရင်း ဂျောင်ကုကြိုက်တတ်သည့် ဟင်းများကို ပန်းကန်ထဲထည့်ပေးနေသည့် ထယ်ယောင်းကို ဂျောင်ကု ပြုံးရိပ်သန်းနေသည့် မျက်ဝန်းများနှင့် ငေးစိုက်ကြည့်ရင်း ရင်ခုန်သံတို့က ကျယ်လောင်လာပြန်သည် ။

" ယောင်း!... အသံ.. တစ်ခုခု မကြားဘူးလား.."

" ဘာအသံလဲ.."

" စောတုန်းတည်းက ကျွန်တော် ကြားရတာ.. အခုလည်း ကြားနေရပြန်ပြီ.."

" ဟင်?.. ဟုတ်လား.. မင်းရဲ့အကြားအာရုံ တစ်ခုခုများ ထိသွားတာလား.. ဒေါ်လေးတို့ကိုပြောပြီး ဆေးရုံသွားရအောင်..."

" ဆေးရုံ!!.. ကျွန်တော် အဲ့ဒီ့ကို ထပ်မသွားချင်ဘူး.. ဆေးလည်းမသောက်ချင်ဘူး.."

" အော... အင်းပါ.. တစ်ခုခုဖြစ်ရင်တော့ တန်းပြောနော်.."

ထယ်ယောင်း၏အပြောကို ဂျွန်ဂျောင်ကုက ခေါင်းတဆတ်ဆတ် ညိတ်ပြသည် ။

နာခံဟန် ဂျောင်ကုပုံရိပ်ကြောင့် ထယ်ယောင်း သဘောတကျနှင့် ဆံနွယ်အုပ်အုပ်ကို လက်လေးနှင့်ထိုးဖွပေးလာလျှင် ဂျောင်ကုပါးပြင် ရဲတက်သွားရပြန်သည် ။

ဟင်!?.. ကြားရပြန်ပြီ.. အဲ့ဒီ့အသံက ဘယ်ကလာတာလဲ..။

တဒုတ်ဒုတ် မြည်သံကြောင့် ဂျောင်ကု ပတ်ဝန်းကျင်ကို ဟိုကြည့်ဒီကြည့်နှင့် လှည့်ပတ်ရှာမိသည် ။

" ဂျွန်ဂျောင်ကု.. ဘာဖြစ်လို့လဲ.."

" ဘာ..ဘာမှ မဖြစ်ဘူး..."

ပထမဆုံး သုံးလိုက်မိသည့် မုသားစကား ။
ဂျောင်ကု ထမင်းကိုပဲ ငုံစားလိုက်ပေမယ့် ထိုကျယ်လောင်သည့် အသံတို့က နားစည်ထိ ရိုက်ခတ်နေဆဲ ။
.
.
.

" အတန်းချိန်ရှိလို့.. ကျောင်းသွားရမယ်.. ကောင်းကောင်းနေခဲ့.. ဟုတ်ပြီလား.."

" ကျွန်တော်..."

'လိုက်ခဲ့လို့ မရဘူးလား..'ဟူသည့် နောက်ဆက်တွဲစကားကို ဂျောင်ကု ပြောမထွက်မိစေရန် နှုတ်ခမ်းသားကို တင်းတင်းစေ့ထိန်းချုပ်လိုက်ရသည် ။

" ဟင်?.. ဘာပြောမလို့လဲ..."

" ကောင်းကောင်းသွားပါ.. ယောင်း.. ပြီးရင်တော့ မြန်မြန်ပြန်လာခဲ့ပါ.. ကျွန်တော် စောင့်နေမယ်..."

Romantic Friendship (Complete)Donde viven las historias. Descúbrelo ahora