The Earth-9

169 29 11
                                    


လေနုအေးလေးကပါးပြင်တလျှောက်ဝှေ့ပြီးတိုက်ခက်လာတော့နည်းနည်းအေးစိမ့်စိမ့်လေးဖြစ်နေတာမို့jinတယောက်နိုးလာသည်။လက်တဖက်ကလည်းထုံကျင်နေတာကြောင့်ကြည့်လိုက်မိတော့

သူလက် ပေါ် မှာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ကောင်လေး။အေးလွန်းလို့ထင်ပါရဲ့နှာသီးထိပ်ကလေးပင်ရဲလို့။မျက်ခုံးစင်းစင်းလေးရယ် မျက်တောင်အရှည်ကြီးတေရယ် နှာတံစင်းစင်းလေးရယ် နှုတ်ခမ်းပါလေးရယ်နဲ့ပေါင်းစပ်ထားတဲ့သိပ်အပြစ်ကင်းစင်တဲ့မျက်နှာလေး။

ကျွန်တော်သဘောအကျဆုံးကတော့ကောင်လေးမေးအောက်ကမှဲ့နက်နက်လေးကိုပင်။ ကျွန်တော်ရင်ခွင်ထဲမှာတညလုံးကလေးလေးတယောက်လိုအိပ်ခဲ့တဲ့ဒီကောင်လေး။ကျွန်တော်မှာလည်းသူလေးချမ်းနေမှာစိုးလို့တညလုံးကျစ်ကျစ်ပါအောင်ဖက်ထားခဲ့ရတာမိုးလင်းခါနီးမှမှေးကနဲအိပ်ပျော်သွားရသည်။

မျက်နှာတခုလုံးကအစိတ်အပိုင်းတွေက်ိုသဘောတကျနဲ့ကျွန်တော်ကြည့်နေတုန်းHobiရဲ့အိပ်ချင်မူးတူးယောင်နေတဲ့အသံကိုကြားလိုက်ရပြီးလန့်သွားကာထလိုက်ရသည်။

ဒီမြင်ကွင်းကိုသာဒီကောင်တေမြင်သွားရင်မလွယ်ကြောပြောင်လိုက်မဲ့ဖြစ်ခြင်း။

ကျွန်တော်လည်းကိုယ့်ကိုယ်ကိုယ်ပင်မယုံနိုင်ဘယ်မိန်းကလေးကိုမှစိတ်မဝင်စားခဲ့တဲ့ကျွန်တော်ကသည်ကောင်လေးနဲ့ကျမှဘလိုဖြစ်နေမှန်းကိုမသိဘူး။

စတွေ့တဲ့နေ့ကစပြီးကျွန်တော့မှတ်ဥာဏ်တေထဲမှာစွဲလန်းခဲ့ရသည်။လူချင်းသိလာရတော့ပိုဆိုးလာရသည်။သူနဲ့တွေ့လိုက်တိုင်းကျွန်တော့ရင်ခုန်သံလေးတေမြန်လာရသည်။သူအသံလေးကစကျွန်တော်မှာပကြည်နူးရသည်။

မနက်ခင်းအိပ်ယာအစောကြီးထရမှာကိုမုန်းတဲ့ကျွန်တော်ကသူ့ကျောင်းချိန်အမှီ၉နာရီကျောင်းရောက်စေဖို့အစောကြီးထရတာကိုမငြီးငြူခဲ့တဲ့အပြင်ကိုယ်တိုင်ကတောင်ရွှင်လန်းတက်ကြွနေသေးသည်z။

တနေ့တာကျောင်းမာအဆင်ပြေရဲ့လား။ကျောင်းအပြန်လာကြိုတာနောက်ကျရင်တယောက်ထဲများဖြစ်နေရမလားဆိုပြီးစိတ်ပူရပြန်သည်။သူ့အတွက်ဆိုအကြင်နာပိုစေတနာပိုအစိုးရိမ်ပိုခဲ့ရတာကိုကျွန်တော့ကိုယ်ကျွန်တော်ပဲသိသည်။

The EarthWhere stories live. Discover now