The Earth-12

163 23 4
                                    


ဆယ်ကျော်သက်အရွယ်အတွက်ပြီးပြည့်စုံတဲ့ရင်ခုန်သံကဘာလည်း။အချစ်ဦးဆိုတဲ့အရာကဘလိုမျိုးလည်းဆိုတာကျွန်တော်စတင်ပြီးခံစားတက်လာခဲ့ပါပြီ။

လူတိုင်းအတွက်အချစ်ဦးဆိုတာပျော်ရွှင်ခြင်းလားဝမ်းနည်းခြင်းလားဆိုတာကိုသေချာမသိသေးခင်မှာဘဲကျွန်တော်ရင်ထဲကိုတယောက်သောသူကဦးစွာအခိုင်အမာနေရာယူပြီးသွားပါပြီ။

ကားစီယာတိုင်ကိုဂရုတစိုက်နဲ့မောင်းနှင်နေတဲ့ကိုကို့မျက်နှာဟာဘေးတိုက်ကကြည့်နေရတာတောင်ကျွန်တော့အတွက်ရင်ခုန်ဖို့ပြီးပြည့်စုံခဲ့ပါတယ်။

အလိုက်မသိတဲ့ဘယ်ဘက်ရင်အုံကသက်ရှိအကောင်လေးကလည်းဒီလူကိုတွေ့ပီဆိုအလိုက်မသိစွာနဲ့ချစ်သံပတ်တေးပေးပီးခုန်စေပြန်ပါတယ်။ကိုယ့်ရင်ခုန်သံတေများသူကြားသွားမလားဆိုတဲ့ပူပန်မှု့နဲ့မသိမသာလေးခိုးခိုးငေးတော့ကိုကိုကတော့သူ့ဦးတည်ရာကျွန်တော့ကျောင်းကိုပဲအာရုံထားဟန်တူပါတယ်။တွေးရင်းငေးရင်းနဲ့လိုက်လာခဲ့ရာကျောင်းရှေ့တောင်ရောက်လာခဲ့ပါပြီ

Jin...."ကူးးး ကူးးး ကူးး!!!!!!!" ပခုံးလေးကိုအသာလေးတို့ပီး ခေါ် လိုက်မှ

JK..."ဗျ ဗျာ ဘာလို့လည်းကိုကို"

Jin..."ကေျာင်းရှေ့ရောက်နေပြီလေကူး ဘာတေစဥ်းစားနေတာလည်း"

JK..."အော် ဘာမှမဟုတ်ပါဘူးအိမ်အကြောင်းပါကိုကို ကူးသွားတော့မယ်နော်"

Jin..."ဂရုစိုက်သွားနော်"

JK..."ဟုတ် ကိုကိုရောဂရုစိုက်မောင်း"

ကား ပေါ် ကဆင်းခါနီးတော့

Jin..."ညနေကိုကိုလာကြိုမယ်စောင့်နေနော်"

အသ်ိအမှတ်ပြုသလိုခေါင်းညိတ်ပြတော့ကားလေးကဘေးကနေထွက်ခွာသွားပါတော့တယ်။

ကားလေးမြင်ကွင်းကနေပျောက်သွားတဲ့အထိတမေ့တမောငေးပြီးကျန်ခဲ့ရတယ်။ခုနကခုန်နေတဲ့ဘယ်ဘက်ရင်အုံကကောင်ကလည်းကိုကိုကျွန်တော့မြင်ကွင်းကပျောက်သွားတဲ့တပြိုင်နက်သံပက်ရပ်သွားတဲ့အရုပ်လေးတရုပ်လိုချက်ချင်းကိုငြိမ်ကျသွားတာ။

The EarthTempat cerita menjadi hidup. Temukan sekarang