Appaကဆေးရုံကလူနာတစ်ဦးဝင်ကြည့်ရဦးမယ်ဆိုလို့jiminတယောက်မလိုက်ချင်ဘဲဆေးရုံပါလာရသည်။တလမ်းလုံးသဲသဲမဲမဲရွာနေသောမိုးကြောင့်တယောက်ထဲကျန်ခဲ့တဲ့သူငယ်ချင်းအတွက်စိတ်ပူနေရသည်။
"သူ့အိမ်ကလာကြိုမှာဘာခါတိုင်းလည်းအစောကြီးလာကြိုနေကြပဲကို ဟင်းးးးးး"
Jimin's Appa...."jijiလေးသက်ပြင်းတေချလို့ဘာတေအလိုမကျနေတာလည်း"
Jimin..."jijiမှဆေးရုံမလိုက်ချင်တာAppaကဘာလို့ ခေါ် လာသေးလည်း"
Jimin's Appa..."ခနပါဘဲjijiလေးရယ်ဆေးရုံထဲမလိုက်ချင်ရင်ကားထဲနေခဲ့လေAppaဝင်ကြည့်ပြီးခနနေပြန်ထွက်ခဲ့မယ်"
ခေါင်းလေးငြိမ့်ပြပြီးအပြင်ကသည်းနေတဲ့မိုးရေပေါက်တေကိုသာငေးမောကြည့်နေသည်။ သူဆေးရုံဆေးခန်းတေမုန်းသည်။ငယ်ငယ်ကတည်းကချူချာတဲ့သူကဆေးရုံဆေးခန်းတေခနခနသွားရတာမို့ဆေးရုံဆိုတဲ့စကားကြားရရင်ကိုအတော်စိတ်ပျက်သည်။ခနကြာတော့Appaပိုင်ဆိုင်တဲ့ခန့်ညားလှတဲ့ဆေးရုံကြီးထဲသို့ရောက်လာသည်။
Appaကတော့အလျင်လိုနေသလိုကားပါကင်ထိုးပြီးတာနဲ့အမြန်ထွက်သွားသည်။
ကား ပေါ် မှာထိုင်နေရတာငြီးငွေ့တာနဲ့jiminလည်းကားအပြင်ထွက်ပြီးဟိုဘက်ဒီဘက်ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေသည်။အတန်ကြာမှတခုသတိထားမိဟန်နဲ့ဖုန်းကိုထုတ်ကာလူကြီးဆိုပြီးမှတ်ထားတဲ့contactလေးတခုကိုဆက်လိုက်သည်။ဖုန်းကဝင်သော်လည်းမကိုင်
"ဟွန့် တွေ့ရင်ဖြင့်jijiလေးjijiလေးနဲ့မျက်စိအောက်ကလည်းအပျောက်မခံသဲသဲလှုပ်ဂရုစိုက်ပြတဲ့လူကခုကျဖုန်းတောင်မကိုင်ဘူးနေနှင့်ဦးပြန်ရောက်မှမ ခေါ် ဘဲကိုပစ်ထားလိုက်ဦးမယ်"
လူကြီးဆိုတာသူငယ်ငယ်လေးကတည်းကခုချိန်ထိသူ့အနားမှာတချက်ကလေးမှအငြိုအငြင်မရှိအမြဲရှိနေခဲ့တဲ့သူ မိတဆိုးလေးဖြစ်တဲ့သူ့အတွက်ကအားကိုးစရာချစ်စရာAppaရင်ခွင်ပြီးရင်တွယ်တာစရာဆိုလို့လူကြီးသာရှိသည်။
လူကြီးသာပြောတာဘာသူနဲ့ကအသက်၂နှစ်လောက်သာကွာသည်။သူ့ထက်၂သာကြီးတဲ့လူကသူ့ကိုတော့အမြဲကလေးလေးတယောက်လိုဆက်ဆံသည်။နွေးနွေးထွေးထွေးနဲ့ဂရုစိုက်သည်။ငယ်ငယ်ကသူနေမကောင်းတဲ့အခါတိုင်းသူ့လက်ကလေးတဖက်ကိုဆုပ်ကိုင်ပြီးအမြဲအားပေးခဲ့သည်။သူဂျီကျသမျှကိုလည်းတခါမှမငြူဆူဘဲ "ဂျီလုံးလေးကတော့ကွာကလေးလေးကျနေတာဘဲ"ဆ်ိုပြီးခေါင်းလေးခပ်ဖွဖွပွတ်ပေးကာဆိုတက်သည်။
YOU ARE READING
The Earth
Fantasy[Unicode]Intro "ကမ္ဘာမြေကြီးကသူရဲ့ဆွဲငင်အားနဲ့သက်ရှိသက်မဲ့အရာမှန်သမျှကိုမြေမြင် ပေါ် မှာရှင်သန်ခွင့်နေထိူင်ခွင့်ပေးခဲ့တယ်သူလည်းနည်းလမ်းမျိုးစုံနဲ့ကျွန်တော်နှလူံးသားကိုသူ့ကိုချစ်လာအောင်ဆွဲငင်ခဲ့တယ်သေချာပါတယ်သူကကျွန်တော့အတွက်တော့တဦးတည်းသောကျွန်တော့ရဲ...