The Earth-15

180 30 15
                                    


တညလုံးအိပ်ထားတဲ့အရှိန်ရောနေမကောင်းထားတဲ့အရှိန်နဲ့ကြောင့်ခေါင်းထဲမှာမူးနောက်မူးနောက်နဲ့JKတယောက်နိုးလာပြီးမထားသေးဘဲအသာလေးနေနေသည်။တဖက်ကပူနွေးနေပြီးအိုက်စက်စက်ဖြစ်နေတဲ့လက်တဖက်ကိုကြည့်လိုက်တော့သူ့လက်တဖက်ကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားပြီးကုတင်အောက်မှာငုတ်တုတ်လေးအိပ်ပျော်နေတဲ့ကိုကို့ ကိုမြင်လိုက်ရတာမို့နှလုံးသားလေးကနွေးကနဲ။

"ဒီကိုကိုကတော့လေတကယ်ဆိုးတယ်နေမကောင်းလို့အားမရှိတဲ့လူကိုရင်ခုန်အောင်လာလုပ်နေတယ်"တယောက်ထဲတ်ိုးတိုးလေးငြီးလိုက်ပီးအိပ်ပျော်နေတဲ့လူရဲ့မျက်နှာလေးကိုအမြတ်တနိုးကြည့်မိလိုက်တယ်။

ပခုံးကျယ်ကြီးရဲ့အထက်မှာဖြူဝင်းပြီးကျော့ရှင်းနေတဲ့လည်တိုင်လေးတစုံ အဲ့အထက်မှာနူးညံ့ပြီးထိရက်စရာမရှိလောက်တဲ့မျက်နှာလေး မျက်တောင်ရှည်ကြီးတေရယ် နှာတံစင်းလေးရယ်နဲ့သိပ်လှတာ အလှဆုံးကတော့နှင်းဆီနီဖူးလေးနဲ့တူတဲ့နှုတ်ခမ်းတစုံ ဒီအစိတ်အပိုင်းလေးတေအားလုံးပေါင်းလိုက်တော့ယောျ်ားလေးလို့မထင်ရက်နိုင်စရာမျက်နှာလေးဖြစ်လာတာပေါ့။ တကယ်ဒီလူးသားဟာအစစအရာရာပြည့်စုံလွန်းနေတာဘုရားသခင်ကိုယ်တိုင်ကချစ်မြတ်နိုးလို့အားလုံးပြည့်စုံစေဆိုတဲ့ဆုကိုများကြည်ကြည်ဖြူဖြူပေးရက်ခဲ့သလား။

ကိုကိုရဲ့နှုတ်ခမ်းနီထွေးလေးကိုကျွန်တော်အရမ်းသဘောကျတာ စကားပြောလိုက်တိုင်းမုန့်စားလိုက်တိုင်းချွန်ထွက်လာတဲ့ဒီနှုတ်ခမ်းလေးတေကိုတအားအသဲယားပြီးကိုက်ဆွဲပစ်လိုက်ချင်တာ ။ဒီနှုတ်ခမ်းလေးတေကမနေ့ကချမ်းပြီးတုန်နေတဲ့ကျွန်တော့ကိုအနမ်းမမည်တဲ့အနမ်းလေးပေးခဲ့တယ်။ခနလေးဆိုပေမယ့်ရင်ထဲမှာချိုမြပြီးနွေးသွားတာသူအသိဆုံး။

"ကိုကိုဘာလို့ကျွန်တော့ကိုနမ်းခဲ့တာလည်း ကျွန်တော်ခံစားရသလိုကိုကိုလည်းခံစားချက်တေထပ်တူညီနေခဲ့တာလားဒါဆိုကိုကိုကရောကျွန်တော့ကို" ရင်တေအဆမတန်ခုန်လာရင်း ကြည်နူးလာရသည်။တယောက်ထဲတွေးရင်းရင်တေခုန်နေတုန်းကိုကို့လက်တဖက်ကလှုပ်လာတာမို့အမြန်အိပ်ချင်ယောင်ဆောင်နေလိုက်သည်။

The EarthWhere stories live. Discover now