The Earth -17

183 27 15
                                    


ဆိတ်ငြိမ်ရပ်ကွက်ဆိုတဲ့အတိုင်းဘေးပတ်ဝန်းကျင်ဟာတ်ိတ်ဆိတ်ငြိမ်သက်လို့လမ်းဘေးဝဲယာတလျှောက်ကသစ်ပင်ထက်မှာကျေးငှက်လေးတေရဲအော်မြည်သံဟာလည်းတစီစီနဲ့။ပတ်ဝန်းကျင်ဟာတိတ်ဆိတ်ငြိမ်သက်နေသလောက်အမောင်ဂျောင်ကုတို့အိမ်မှာဆော့ဆူညံပွက်လောရိုက်နေသည်။တခြားသူတော့မဟုတ်အမောင်ဂျောင်ကုအသံပင်။

JK..."ဟာဗျာ ကိုကိုရေမပီးသေးဘူးလားဗျာကြာလှပြီပြင်နေတာကျွန်တော်ရေမချိုးခင်ကတည်းကခုထိမပီးနိုင်သေးဘူးလား ဘလို့အလောက်တောင်ရှိုးတေထုတ်နေတာလည်းဘယ်ကောင်မလေးဆီကအကြည့်ခံချင်နေလို့လည်း ကိုကိုဗျ"စိတ်မရှည်တော့တဲ့အဆုံး  "Kim Seok Jin shiiiii!"ကြံုးအော်လိုက်တော့မှ

Jin...."လာပါပြီကူးရာဘာလို့အ့လောက်အော်နေရတာလည်း" အပြေးလေးတပိုင်းထွက်လာခဲ့သည်။

စောင့်ရတဲ့အလုပ်ကjkအတွက်တော့သိပ်အဆင်မပြေ။စိတ်မရှည်တက်တဲ့သူမို့စောင့်စားသည်းခံခြင်းဆိုတာကjkနဲ့လုံးဝမအပ်စက်ဒါပေမယ့်သူအခုစောင့်နေရတာသူ့ရဲ့တယောက်သောသူမို့။အစကစိတ်ရှည်လက်ရှည်နဲ့စောင့်ပေးခဲ့ပါသည်။သူရေချိုးပြီးလို့၁နာရီလောက်ကြာတဲ့အထိကိုမပြီးနိုင်သေးတာမို့စိတ်ကအချဥ်ပေါက်လာသည်။သူဆိုရေချိုးအဝတ်စားလဲတာ၁၅မိနစ်လောက်သာကြာသည်။ယောကျာ်းလေးဆိုတော့ထွေရာလေးပါးဘာမှပြင်စရာမလို။

ရေချိုးပြီးသူထွက်လာတော့ကိုကိုကသူ့အတွက်ဆိုပြီးအဝတ်ထုတ်ပေးထားတာမို့သူ့မှာအံ့သြနေရသည်။ရင်ခုန်နေရသည်။ကိုကိုထုတ်ပေးထားတဲ့အဝတ်အစားကိုသေချာလေးဝတ်ပြီးခေါင်းလေးတချက်၂ချက်လောက်ဖီးပီးရေမွှေးလေးစွတ်လိုက်တော့သူ့အတွက်အပြင်သွားဖို့ပြင်ဆင်တာလုံလောက်သွားပြီမို့အောက်ထပ်ကဧည့်ခန်းထဲမှာဆင်းစောင့်နေတော့သည်။

ခုဆိုသူစောင့်နေတာတနာရီလောက်တောင်ရှိပြီအ ပေါ် ကကိုယ်တော်ချောကနဂိုကတည်းကချောဘာတယ်ဆိုဘာတေထပ်ပြင်ဆင်နေမှန်းမသိခုထိကိုဆင်းမလာသေး။

"ဆင်းလာလို့ကတော့အပြတ်ကောပြစ်ဦးမယ်"တယောက်ထဲပွစိပွစိလုပ်နေတုန်းနှာခေါင်းထဲကStrawberryနံ့လေးကသင်းခနဲမို့သူလှမ်းကြည့်လိုက်တော့လှေကားထိပ်မှာကျွန်တော့ရဲ့ပြည့်စုံခြင်းလေး။ခဲရောင်လက်ရှည်လေးကိုဝတ်ထားပြီးjeanဘောင်းဘီအရှည်အနက်ရောင်လေးနဲ့။

The EarthWhere stories live. Discover now