The Earth-11

201 27 5
                                    

နှိုးစက်ချထားတဲ့နာရီလေးကမနက်၇နာရီထိုးရင်ပဲမြည်ပြီ။

"တီ တီ တီ တီ တီ တီ တီ တီ"နိုးစက်လေးကောက်ပိတ်ပြီးပြန်အိပ်မယ်လုပ်တော့သူ့မျက်နှာလေးကိုစိတ်ထဲမြင်လာတော့မအိပ်တော့ဘဲထထိုင်လိုက်မိသည်။သူနောက်ကျရင်ကူးငယ်ကျောင်းသွားရတာနောက်ကျမှာစိုးတာနဲ့ပဲမျက်နှာသစ်ရေချိုးဖို့အခန်းထဲဝင်လိုက်တော့သည်။

အရင်ကဆိုမနက်ကျောင်းသွားဖို့အရေးOmmaကလာနှိုးရသည်ဒါတောင်တခေါက်နဲ့မထကျောင်းသွားဖို့အချိန်တော်တော်ကပ်ပီဆိုမှဝုန်းကနဲထပြီးကမန်းကထမ်းအပြေးအလွှားသွားတက်တာ Kim Seok Jinတို့အကျင့်ခုတော့ဖြင့်နောက်တယောက်ပြောင်းသွားသလားအောက်မေ့ရအောင်ကိုဝိရိယတေကောင်းနေသည်။

ဘလောက်ပဲအိပ်ရေးမဝဖြစ်နေဖြစ်နေသူ့ကူးပေါက်လေးမျက်နှာမြင်လိုက်ရရင်သူ့စိတ်တေကကြည်လင်လန်းဆန်းသွားသည်မှာဆေးမလိုတဲ့အချစ်ရဲ့စွမ်းအားတေများလား။သူအောက်ထပ်ကိုဆင်းလာတော့Appaကbreakfastစားနေသည်။

Jin..."Morning Appa"

Mr.Kim...."Morning my son"

Jin..."Appa Ommaရော"

Jin Omma...."လာပါပြီရှင် သားသားအကြိုက်Strawberry Kokieလုပ်ပေးနေလို့"

Jin..."Wow!!!!!!!Ommaကအကောင်းဆုံးပဲ" လက်မလေးထောင်ပြီးပြောလိုက်ကာOmmaကိုအပြေးလေးဖက်ပီးပါးလေးကိုရွတ်ခနဲတချက်နမ်းလိုက်သည်။သူစားချင်တာလေးလုပ်ပေးတော့ဖြစ်သွားတဲ့ရုပ်ကလေးကတကယ့်ကလေးလေးအတိုင်းပဲ။

Appa..."သားမိနှယောက်အကဲပိုနေလိုက်ကြတာဗျာဒီAppaကအပြင်ကလူကြလို့"

Jin..."AppaရောOmmaရောသားအတွက်အကောင်းဆုံးတေပဲ၂ယောက်လုံးကိုအချစ်ဆုံးပဲ"

Jin Omma..."အင်းဒီကလေးဆိုးလေးကလေဒီအပြောတေနဲ့ပဲချွဲစားနေတာ"

Ommaပြောစကားကိုသားဖနှယောက်လုံးသဘောတကျရယ်လိုက်ကြသည်။မနက်ခင်းစောစောလေးမှာjinတို့မိသားစုလေးရဲ့နွေးထွေးတဲ့ရယ်သံလေးတေကပျံ့လွင့်သွားသည်။သူ့အသက်၂၀ရောက်လာတာတောင်Appaနဲ့Ommaကသူ့ကိုကလေးလေးလိုပဲမြင်တုန်း။ဂရုစိုက်ကြတုန်း။သူကလည်းAppaနဲ့Ommaရဲ့စကားကိုတသွေမတိမ်းနားထောင်တယ်မိဘ၂ပါးလုံးစိတ်ညစ်ရမှာဆိုဘာတခုမှမလုပ်လိမ္မာလွန်းလှသည်။

The EarthWhere stories live. Discover now