The Earth -18

428 29 21
                                    

အချစ်ဆိုတဲ့အရာကလေဘလောက်တောင်များလွမ်းမောဖွယ်ကောင်းရတာလည်း။ဒီအိမ်ဒီအခန်းဒီခြံတစ်ခုလုံးကတပတ်သာနေခဲ့တဲ့လူတယောက်ရဲ့အငွေ့အသက်တေနဲ့ဖုံးလွမ်းနေသည်။တပတ်ဆိုတဲ့အချိန်အတွင်းမှာတင်ကျွန်တော့ရင်ထဲကမတင်မကျဖြစ်နေတဲ့အရာအားလုံးဟာသေချာပုံဖော်ပြီးစီးသွားခဲ့တဲ့ပန်းချီကားတစ်ချပ်လ်ိုပင်။သေချာပါတယ်ကျွန်တော့ရင်ခုန်သံ၈၀ရါခိုင်နှုန်းကသူ့ကိုချစ်ဖို့ခုန်လှုပ်နေတာဖြစ်ပြီးကျန်တဲ့၂၀ကသာကျွန်တော်အသက်ရှင်နေထိုင်ဖို့ဖြစ်သည်။ Busanသွားတဲ့Ommaတို့ကလည်းဖွားသက်သာပြီမို့ပြန်ရောက်နေကြပြီ။ Ommaတ်ို့ပြန်လာကတည်းကကိုကိုနဲ့မတွေ့ရတာ၃ရက်တောင်ရှိနေပြီ။

ခါတိုင်းကျောင်းအတူသွားကြပေမယ့်ကိုကိုကကျောင်းမှာအရေးကြီးလုပ်စရာရှိလို့အိမ်မပြန်မအိပ်နိုင်တာ၃ရက်တောင်ရှိနေပြီ။တပူးပူးတတွဲတွဲနေလာခဲ့ပြီးမှ၃ရက်ကြီးတွေ့လည်းမတွေ့ရအသံလည်းမကြားရတော့ဝဲဘက်ရင်အုံကတဆစ်ဆစ်နာလာသည်။ဘေးခြံလေးကလည်းကိုကိုမရှိတော့တိတ်ဆိတ်လို့။လွမ်းသည်။တကယ်ကိုဆွေးဆွေးမြေ့မြေ့နဲ့လွမ်းမိပါသည်။

"ဘာတေများလုပ်နေလို့အိမ်တောင်ပြန်မလာနိုင်ရတာလည်းကိုကိုရာ ကိုကို့နှုတ်ခမ်းဖျားက ကြင်ကြင်နာနာ ခေါ် တဲ့ကူးငယ်လေးဆိုတဲ့အသံလေးကိုလွမ်းလိုက်တာဗျာ" တယောက်ထဲခပ်တိုးတိုးသာရွတ်ပြီးဘေးအိမ်လေးကိုသာငေးကြည့်နေမိသည်။

"သား ဘာတေစဥ်းစားနေတာလည်း" ဘယ်အချိန်ကရောက်လာမှန်းမသိတဲ့Ommaကအနားကခပ်တိုးတိုးဆိုလိုက်မှ

JK..."အော်...Ommaဘာမှမဟုတ်ပါဘူးသားပန်းအိုးတေကိုရေလောင်းမလို့"

Omma..."သားရယ်ရေလောင်းမယ်ဆိုလည်းလောင်းလေဘာလို့ငူငူကြီးရပ်နေတာလည်း ရေလောင်းမယ်ဆိုပြီးရေလည်းဖွင့်မထားဘူး"

JK..."အာ!!!!ဟုတ်ဟုတ် Ommaသားဖွင့်လိုက်ပါမယ်" စူးစမ်းသလိုကြည့်နေတဲ့Ommaရဲ့မျက်ဝန်းတေအောက်ကနေအမြန်ဆုံးပြေးထွက်လာခဲ့မိသည်။

Ommaလည်းသက်ပျင်းတချက်ချမိသည်။ဒီကလေးနဲ့တော့ခက်နေလေပြီ။ကိုယ်မွေးထားတဲ့သားသမီးအကြောင်းမသိတဲ့မိဘဆိုတာမရှိပါဘူးသားရယ်သားရင်ထဲမှာဘာတေဖြစ်နေတယ်ဆိုတာOmmaသိတယ်။အစပိုင်းကမသေချာသေးပေမယ့်အနည်းငယ်တော့ရိပ်မိခဲ့တယ်။ဒါပေမယ့်ဒီအတိုင်းအသစ်ပြောင်းလာတဲ့ပတ်ဝန်းကျင်မှသားကိုဂရုစိုက်ပေးခဲ့လို့သားကjinလေးကိုအကိုတယောက်လိုခင်တွယ်တယ်လို့သာထင်မိခဲ့သည်။ဒါပေမယ့်သားအခြေအနေကတဖြေးဖြေးjinလေးနဲ့ပက်သက်ပြီးသာမာန်ထက်ပိုလာခဲ့သည်။Busanသွားနေတဲ့အခိုက်ပိုသေချာခဲ့သည်။မိဘတွေကိုခင်တွယ်တဲ့သားကသူတို့Busanမှာရှိနေတဲ့အချိန်တပတ်လုံးမှာတရက်သာဖုန်းဆက်သာ်။ဒါတောင်၁၀မိနစ်ပင်မပြည့်။သူ့ကိုဘာမှမပြောဘဲတယောက်ထဲထားသွားတာကိုစိတ်မဆိုးတဲ့အပြင်လေသံကပျော်မြူးရိပ်သန်းနေတဲ့အထိမို့ommaနည်းနည်းတောင်ဝမ်းနည်းသွားရသည်။မိဘတေထက်တောင်jinလေးက်ိုပိုခင်တွယ်နေတာလား။

You've reached the end of published parts.

⏰ Last updated: Mar 22, 2022 ⏰

Add this story to your Library to get notified about new parts!

The EarthWhere stories live. Discover now