The Earth-10

171 26 7
                                    


အကြောင်းပြချက်မရှိတိုနေတဲ့စိတ်ကြောင့်ကိုယ့်ကိုယ်ကိုယ်လည်းနားမလည်နိုင်။ပေစောင်းစောင်းနဲ့လမ်းလျှောက်လာတုန်းနောက်ကနေတယောက်ယောက်ကဝင်တိုက်လိုက်လို့ကိုကိုပေးတဲ့မုန့်ဘူးလေးကျသွားတာကြောင့်ဒေါသတေက၂ဆမြင့်တက်သွားပြီး

Jk..."တောက်!!!!!!လူတယောက်လုံးတောင်မမြင်ဘဲဝင်တိုက်ရအောင်ပါတဲ့မျက်လုံး၂လံုးကစုံလုံးကန်နေတာလား"ဒေါသတကြီးနဲ့အော်လိုက်တာမို့တဖက်လူလည်းနည်းနည်းလန့်သွားပြီးအသံတုံတုံလေးနဲ့ပြောလိုက်သည်။

"Sorryပါဗျာကျွန်တော်ကဒီနေ့မှကျောင်းပြောင်းလာတဲ့သူမို့နောက်ကျရင်ဆရာအဆူခံရမှာမို့လို့ပြေးလာမိတာဘာအကို့ကိုမတော်လို့ဝင်တိုက်မိတာဘာတောင်းပန်ပါတယ်ဗျ"

အသံကသိသိသာသာတုန်ယင်ပြီးကြောက်နေတာမို့ကျွန်တော်လည်းဘာမှဆက်မပြောဘဲမုန့်ဘူးလေးကောက်ပြီးမော့ကြည့်လိုက်တော့

ဆံပင်ခဲရောင်လေးနဲ့ကော်ပတ်ရုပ်လေးလိုနုဖတ်ပြီးပုပုသေးသေးလေးနဲ့ချစ်စရာကောင်လေးတယောက်မျက်ဝန်းမှာတော့စိုးရိမ်စိတ်တေအားနာစိတ်တေရယ်နဲ့အနည်းငယ်ကြောက်နေရှာတယ်။

JK..."သွားသွား သွားတော့ငါဘာမှမဖြစ်ဘူး"

သူပြောလိုက်တော့ခုနကသူ့ကိုတိုက်မိတဲ့ကောင်လေးကလှစ်ကနဲ့ပြေးသွားသည်။

JK.."ဟူးးးးးဒီနေ့တော့အာရုံနောက်စရာတေကြီးပဲ"

အခန်းထဲရောက်တော့ဆရာလည်းမလာသေးတာကြောင့်ကျောင်းသားတေတယောက်တပေါက်ဆူညံနေသည်။သူလည်းသူစိတ်နဲ့သူမကြည်တာမို့ဘသူနဲ့မှစကားမ​ပြောဘဲခုံ ပေါ် မှာဘဲခေါင်းမှောက်အိပ်နေလိုက်သည်။

ကျောင်းပြောင်းလာတဲ့ကျောင်းသားအသစ်ဖြစ်ကြောင်းကျောင်းရုံးခန်းမှာလတ်မှတ်ထိုးပီးဆရာ့နောက်လိုက်ခဲ့သည်။

သူစာသင်ရမည့်အခန်းထဲရောက်တော့ကျောင်းသားတေအကုန်လုံးကဆူညံလို့စကားများနေကြသည်။

Teacher...."ကလေးတို့ဆရာမိတ်ဆက်ပေးရဦးမယ်ဒါကတော့ခုမှBusanကနေပြောင်းလာတဲ့ကျောင်းသားအသစ်Park Ji Min တဲ့အကုန်လုံးကခင်ခင်မင်မင်ဆက်ဆံရမယ်နော်"

The EarthWhere stories live. Discover now