[Zawgyi Version]
" ရှောင်း ယိ ပင်း .. "
ကျောင်းမတက်ခင် ပြေးလွှားဆော့ကစားနေကြသည့်
သူများနှင့်ဆန့်ကျင်စွာ ခပ်နွေးနွေးနေရောင်ခြည်အောက်
တွင် တစ်ယောက်တည်းတိတ်ဆိတ်စွာ နေပူစာလှုံနေသော
ယိ ပင်း အနားသို့ တစ်စုံတစ်ယောက်က တကူးတကနှင့်
ရောက်လာသည် ။မြင်ဖူးသယောင်ယောင်ရှိသော်လည်း ဘယ်မှာမြင်ဖူးမှန်း
မမှတ်မိ ။ ယိပင်း ကသာ နဝေတိမ်တောင်ဖြစ်နေတုန်း
တစ်ဖက်လူကတော့ ရင်းနှီးသူများပမာ ယိပင်းအနား
ဆွေ့ခနဲဝင်ထိုင်သည် ။ထို့နောက် ယိပင်းဘက်ကိုလှည့်ကာ မျက်လုံးများမှိတ်ချသွား
အောင်အထိ ပြုံးပြပြန်၏ ။ အတုအယောင်မပါသလို
ပကတိကြည်လင်တောက်ပနေသည့် အပြုံးမျိုး ယိပင်း
တစ်ခါမှမမြင်ဖူးသေး ။ အရင့်အရင်ကတော့ သူ့ကို
တစ်စုံတစ်ယောက်ကပြုံးပြချင်ပြုံးပြလိမ့်မည် ။ ယခုအချိျန်
မှာတော့ သူ့လိုလူတစ်ယောက်ကို စိတ်ရင်းအမှန်နှင့်
ပြုံးပြမဲ့သူမျိုး မရှိတော့ချေ ။" ကိုယ့် ကို မမှတ်မိဘူးလား ?? "
အမှန်တကယ်လည်း မမှတ်မိတာမို့ ယိပင်း ဘာမှ
ပြန်ဖြေဘဲ နှုတ်ဆိတ်ခြင်းဖြင့် ဝန်ခံလိုက်သည် ။" မမှတ်မိလည်း ဘာမှမဖြစ်ဘူး ။ အစကပြန်မိတ်ဆက်
လို့ရတာဘဲ ။ ကိုယ်က ဟယ့်မုချန်း ပါ "" ဟယ့်မုချန်း ... အာ .. "
ဒီကြားထဲ စိတ်ရှုပ်စရာကိစ္စများစွာဖြစ်ပျက်သွားတော့
သူ့ကိုကူညီပေးခဲ့သူကို တကယ်မေ့သွားခဲ့၏ ။ အကယ်၍
တစ်ဖက်လူသာ သူ့ကို လာမနှုတ်ဆက်လျှင် ယိပင်း
လုံးဝသတိရတော့မည် မဟုတ် ။" အဲ့နေ့က ကျေးဇူးတင်ပါတယ် "
" တအားသူစိမ်းမဆန်ပါနဲ့ ကိုယ်က ဒီနှစ်မှပြောင်းလာ
တာဆိုတော့ သူ ငယ်ချင်းမရှိဘူးလေ "
![](https://img.wattpad.com/cover/241706435-288-k625396.jpg)
ESTÁS LEYENDO
|| After 6 months || [Z+U]
Ficción Generalသူ့ကို သတ်သေအောင် ဖိအားပေးခဲ့တဲ့သူက သူ့ကို ကြိုက်တယ်ဆိုတာဖြစ်နိုင်သလား ?? သူ့ကို သတ်သေအောင် ဖိအားပေးခဲ့တဲ့သူက သူ့ကို ကြိုက်တယ်ဆိုတာဖြစ်နိုင်သလား ?? Own Creation Rebirth