(Zawgyi Version)
အိပ်ရေးပျက်မှုနှင့်အတူ အဖျားငွေ့ရေးရေးကြောင့်
ယိ ပင်း ၏ ခန္ဓာကိုယ် မှာ အတော်လေးကို အခြေအနေ
မဟန် ။ လုံးဝချုံးချုံးကျသွားတာမျိုးမဟုတ်ပေမဲ့
ခေါင်းမူးသလိုလို ခေါင်းကိုက်သလိုလို လူက အားနည်းနေ
သလိုလိုနှင့် တစ်ချက်တစ်ချက် မျက်လုံးများပြာဝေသွား
သည် ။သို့သော်လည်း အိပ်ယာထဲ ခွေခေါက်မနေချင်၍
ဆေးအကူနှင့်ပင် သူ ကျောင်းရောက်သွား၏ ။
ဖြူ ဖက်ဖြူ ရော် သူ့မျက်နှာကိုတော့ လူမမြင်အောင်
ဖုံးဖိစရာမလိုခဲ့ ။ ရှေ့ဆံပင်များက လုံလောက်သော
အကာအကွယ်ဖြစ်ပြီးသားမို့ အနည်းငယ် ခေါင်းငုံ့လိုက်
ရုံဖြင့် ယိပင်း မေ့မလဲမချင်း သူ နေမကောင်းဖြစ်နေမှန်း
မည်သူမှ သိကြမည်မဟုတ် ။မနက်ပိုင်းတစ်ခင်းလုံးတော့ ခေါင်းမူးရုံလောက်သာ မို့
အခြေအနေမဆိုးလှ ။ Break time ဆင်းချိန် တုန်းက
အစာနှင့်ဆေးထပ်သောက်ထားသောကြောင့် ခေါင်းကြည့်
လာပေမဲ့ အဖျားငွေ့က မကျသွား ။ တစ်ကိုယ်လုံး
ပူကျစ်လာပြီး ရှူ ထုတ်သည့်လေကအစ ပူနွေးနေသည် ။ကျောင်းဆင်းချိန်လည်းရောက်ရော ပင်ပန်းနွမ်းနယ်မှု
အရှိန်နှင့် ကိုယ့်ခန္ဓာကိုယ်တောင် ကိုယ်မသယ်ချင်တော့ ။
တစ်ကိုယ်လုံးကိုင်ရိုက်ထားသလို နာကျင်ကိုက်ခဲနေပြီး
စောင်အောက်ထဲ တိုးဝင်ချင်စိတ်များသာ ရှိသည် ။" ရှောင်း ယိ ပင်း .. "
အနားယူချင်စိတ်များ ပြင်းထန်နေသောကြောင့်
သူ့နာမည်ခေါ်သံကြားလိုက်ရချိန်တွင် ယိ ပင်း ၏
မျက်ခုံးတစ်စုံမှာ ဆံပင်အနက်ရောင်များအောက်တွင်
လျှို့ဝှက်စွာ တွန့်ချိုး သွားသည် ။ဘယ်သူလဲဟု တွေးချင်စိတ်ရှိမနေ၍ ခပ်မြန်မြန်ပင်
သူ နောက်လှည့်ကြည့်လိုက်တော့ နှုတ်ခမ်းထောင့်စွန်း
များကွေးညွတ်ကာ ပြုံးနေသည့် လီ ချန်း က သူ့အား
နှစ်လိုဖွယ်ကောင်းစွာ နှုတ်ဆက်၏ ။
![](https://img.wattpad.com/cover/241706435-288-k625396.jpg)
YOU ARE READING
|| After 6 months || [Z+U]
General Fictionသူ့ကို သတ်သေအောင် ဖိအားပေးခဲ့တဲ့သူက သူ့ကို ကြိုက်တယ်ဆိုတာဖြစ်နိုင်သလား ?? သူ့ကို သတ်သေအောင် ဖိအားပေးခဲ့တဲ့သူက သူ့ကို ကြိုက်တယ်ဆိုတာဖြစ်နိုင်သလား ?? Own Creation Rebirth