(11) သူ ​ရှောင်း ယိ ပင်း ကို တကယ်​သ​ဘောကျတယ်

1K 143 8
                                    

[Zawgyi Version]





" အဲ့​တော့ အဲ့​ခွေးရဲ့​နောက်​​ကြောင်းက မရှင်းဘူးလို့
ပြောချင်​တာလား ?? "

" သူ့​ Background ထက်​ သူကိုယ်​တိုင်​ကလည်း
မရိုးရှင်းဘူး "

" ​ဟောင်​​ကောင်​က ဟယ့်​ မိသားစု ?? "

" အင်း ​မွေးစားသားလို့ ​ပြောတယ်​ ။ သူ့အထက်​မှာ
အစ်​ကိုနှစ်​​ယောက်​ရှိတယ်​ "

" အဲ့​တော့ မင်း က အဲ့​လောကအထိ​တောင်​ စုံစမ်း
နိုင်​တယ်​ဆို​တော့ ငါမသိထားတာများ ရှိ​သေးသလား "

" ညီငယ်​​လေးကလည်း ကိုကို က အရိုးသားဆုံး ဆိုတာ
မင်းအသိဆုံးပါ "

" စကားလမ်း​ကြောင်း မလွှဲနဲ့ လီချန်း "

လီ ရှန့်​ ၏ ​အေးစက်​ပြီးခက်​ထန်​သည့်​အကြည့်​ကို
ကာယကံရှင်​ လီ ချန်း က​တော့ မသိမမြင်​သည့်​အလား ..

အ​ငွေ့တစ်​​ထောင်း​ထောင်း ထ​နေဆဲ စီးကရက်​ကို
လက်​ကြားညှပ်​ကာ သူ့မျက်​ရိုး​ပေါ်က မျက်​မှန်​ကို
ဆွဲချွတ်​လိုက်​သည်​ ။ အပြုံးမရှိ​တော့သည့်​ မျက်​နှာ​သေ
အကြင်​နာတရားကင်းမဲ့​နေ​သော မျက်​ဝန်းတစ်​စုံက
ပုံမှန်​ လီ ချန်း နှင့်​ လားရာမတူ​တော့​ပေ ။

" ဒါက မင်းအစစ်​​ပေါ့ "

" လီ မျိုးရိုး ရဲ့ ပိုင်​ဆိုင်​မှုမှန်​သမျှ က မင်းအတွက်​ဘဲ
လီ ရှန့်​ .. မင်းက ငါ့ ​ဆွေမျိုးဖြစ်​သလို ငါ့ညီငယ်​လည်း
ဖြစ်​တယ်​ ။ ပြီး​တော့ မင်း က ငါ့ဘဝရဲ့တစ်​ဦးတည်း​သော
အရှင်​သခင်​ ..

ဒါဟာ ငါ ငယ်​စဉ်​ကတည်းက ဖွားဖွား ​ပြောခဲ့တဲ့
အမှန်​တရား ဘဲ "

" ​တော်​တော်​ စိတ်​ပျက်​စရာ​ကောင်းတဲ့
Brain wash မှုကြီးဘဲ .. မင်း က ငတုံးလား ။
ပြီး​တော့ ငါ အဲ့ဒါ​တွေ စိတ်​မဝင်​စားဘူး "

ဤသည်​ကား အမှန်​တရားပင်​ ။ လီ ရှန့်​ သည်
ထို စိတ်​ပျက်​စရာအ​မွေဆက်​ခံမှုကြီးကို လုံးလုံးစိတ်​မစား ။
သူ့ မှာ သူ ရည်​ရွယ်​ထားတဲ့ လမ်း​ကြောင်းရှိပြီးသား
ဖြစ်​သည်​ ။ ထို့အပြင်​ မာနကြီး​တဲ့ သူ့မာမီကလည်း
လက်​သင့်​ခံမည်​မဟုတ်​ ။

|| After 6 months || [Z+U]Wo Geschichten leben. Entdecke jetzt