(3) အသုံးကို မကျဘူး !!

2.3K 332 13
                                    

[Zawgyi Version]

ယ​နေ့ ပါ ထည့်​​ပေါင်းလျှင်​ သူ ပြန်​လည်​​မွေးဖွားခဲ့သည်
မှာ တစ်​လပြည့်​​ချေပြီ ။ တစ်​ပတ်​နှစ်​ပတ်​​လောက်​အထိ
လီ ရှန့်​ ​ကြောင့်​ သူ့​နေ့ရက်​များ ပင်​ပန်းခက်​ခဲ​ခဲ့​သော်​ငြား
ထို​နောက်​ပိုင်းတွင်​​တော့ အထက်​တန်းဘတ်​စကပ်​​ဘော
ပြိုင်​ပွဲအတွက်​ ​လေ့ကျင့်​​ရေးဆင်း​နေရသဖြင့်​ သူ့ထံ
အာ​ရုံမ​ရောက်​​တော့​ချေ ။

သို့​သော်​ ယိ ပင်း အတွက်​ ထူးထူးခြားခြား
စိတ်​သက်​သာရာ , ရသွားခြင်းမျိုးမရှိခဲ့ ။ သူ့ကိုယ်​သူ
မ​ပြောင်းလဲနိုင်​သ​ရွေ့​တော့ သူဟာ ​သေချာ​ပေါက်
ကိုယ့်​ကိုယ်​ကိုယ်​ သတ်​​သေသည့်​လမ်းအား
ရွေးချယ်​မိဦးမှာပါဘဲ ။

တစ်​ပတ်​တာ၏ ​နောက်​ဆုံး​ကျောင်းတက်​ရက်​ ဖြစ်​နေသည့်
အပြင်​ ​နောက်​ဆုံးအတန်းချိန်​မှာလည်း PT ချိန်​ ဖြစ်​​နေ၍
အထက်​တန်းတစ်​​ဆောင်​လုံး လွတ်​လပ်​​နေကြသည်​ ။

ပုံမှန်​ဆို ကာယဆရာ၏ တင်းတင်းကျပ်​ကျပ်​​လေ့ကျင့်​ခန်း
များနှင့်​ ညည်းညူ ​နေရမည်​ဖြစ်​​သော်​ငြား ​​လေ့ကျင့်​​ရေး
များ​ကြောင့်​ အတန်းချိန်​မဝင်​နိုင်​​ချေ ။ သို့​သော်​လည်း
ကျောင်းသား​ကျောင်းသူများကို ​လေ့ကျင့်​​ရေးပွဲများအား
လာ​ရောက်​ကြည့်​ရှု့ခွင့်​ ​ပေးထား၏ ။

ယိပင်းလို လူမျိုးက​တော့ ဆူဆူညံညံ လူရှုပ်​လူ​ထွေး
အ​ခြေအ​နေကို မနှစ်​သက်​​သော​ကြောင့်​ ဘတ်​စကပ်​​ဘော
ကွင်းနှင့်​ ခပ်​လှမ်းလှမ်းတွင်​ရှိ​သော အရွက်​များ​ဝေဆာ
နေသည့်​ ချယ်​ရီပင်​​အောက်​တွင်​ ထိုင်​ရင်း ​ကျောင်း​ဆင်း
ချိန်​ကို ​စောင့်​ရုံသာတက်​နိုင်​​တော့သည်​ ။

" လီ ရှန့်​ !!!! လီ ရှန့်​ !!!! "

ကျောင်းသူ​လေးများ၏ ​တက်​ကြွလှ​သော ​အော်​ဟစ်​အား​ပေး
မှုက ​လီ ရှန့်​ တို့အသင်း ကစားလျှင်​ ပုံမှန်​ ဖြစ်​​နေကြ ။
တစ်​ချို့ဆို အတန်းချင်းမတူတာ​တောင်​ ကိုယ့်​အတန်းထက်
လီရှန့်​ တို့ဘက်​ကို အား​ပေးတက်​ကြသည်​ ။

|| After 6 months || [Z+U]Where stories live. Discover now