Shopping mall တစ်နေရာတွင်
" ဆိုတော့ မင်းကနိုင်ငံခြားသွားတော့မယ်ပေါ့"
"ဟုတ်တယ် မနေ့ကငါလာနှုတ်ဆက်တာ
အဲ့ဒါကို ဟိုကောင်ကမင်းကိုအတင်းဆွဲသွားတာ
ဘဲ မချစ်တာလဲမဟုတ်ဘူး"" ဟက် "
လေးငယ်ငယ် တစ်ယောက် ဈေးဝယ်နေစဉ်
ထက်ရှားရဲ့သူငယ်ချင်းကလာနှုတ်ဆက်တာ
ကြောင့် စားသောက်ဆိုင်တွင်စကားပြောပြီး
ထက်ရှားရဲ့ဘဏ်ကပ်ဖြင့်ဈေးဝယ်ကာ
စတိုင်ပြောင်းပြီးသည်နှင့်နေ့လည်ရောက်တော့
ထက်ရှားကုမ္ပဏီသို့ထွက်လာလိုက်သည်။တစ်ဖက်တွင် CEO ရုံးခန်းတွင်း၌
" ကို ဒီတမနက်လုံးဘာလို့ ကြည်ပြာ့ကိုရှောင်
နေတာလဲ "" မင်းမေ့နေလား ငါကအိမ်ထောင်သည်
ဆင်ခြင်သင့်တယ် ဒါနဲ့နေပါအုံး မနေ့က ငယ်
ပြောတဲ့စကားမှာ မင်းကငယ့်ကိုငါနဲ့ကွာရှင်း
ဖို့ပြောတဲ့ကိစ္စရှင်းပါအုံး"ထက်ရှားကသူ့ပါးစပ်ကနေ ငယ် ဆိုတဲ့နာမ်စား
ထွက်သွားသည်ကိုသတိမထားမိလိုက်ပေ။" ကျမ မပြောဘူး ကိုကမယုံတာလား "
" ငါ့ရှေ့မှာတောင်မင်းက ငယ့်ကိုရိုက်တာမပြော
ဘူးဆိုတာဘယ်လိုယုံရမလဲ "" ကို! အဲ့ကောင်ကိုကြိုက်နေတာလား"
"ဟုတ်တယ်ဆိုရင်ရော"
"ဘာာ! ဒါဆိုကျမကရော "
" မင်းကိုအရင်ကသဘောကျတယ်ပြောတုန်းက
မင်းဘဲငြင်းတာလေ ငါလက်ထပ်ပြီးမှအဖြေပေး
တာ ခုမင်းကငါနဲ့မဆိုင်ဘူး ငါနဲ့ဆိုင်တာ
လေးငယ်ငယ်တစ်ယောက်ဘဲ "" ထက်ရှားလွင်ပြင် ရှင်ဘာစကားပြောတာလဲ
ကျမကို ဟင်းရွက်ကန်စွန်းလိုလုပ်လို့မရဘူး
နော် ရှင်တာဝန်ယူရမယ် "ထိုချိန် အခန်းထဲဝင်လာတဲ့လေးငယ်ငယ်က
" တာဝန်ယူရမယ်ပြောရအောင် ငါ့ယောကျာ်း
နဲ့နင်ကဘာများကျူးလွန်ဖူးလို့လဲ ငါသိထားတာ
ကတော့ ထက်ရှားကမင်းကိုထိတောင်မထိဘူး
ဆို ""လေးငယ်ငယ်! နင်ဘာလာလုပ်တာလဲ "
"ငါ့ယောကျာ်းစီငါလာတာ အဲ့တာဘာဖြစ်လဲ "
YOU ARE READING
RomanceStarting -29.1.2022 (owncreation) Ending- 3.4.2022 တစ်စုံတစ်ရာ တိုက်ဆိုင်သွားရင်စားရေးသူရဲ့ အမှားပါ။ မကျေနပ်တာများရှိလာရင်စာရေးသူကို တိုက်ရိုက်လာရောက်ပြောကြားနိုင်ပါသည်။ လူထဲကလူဘဲမို့ အသုံးနှုန်းအနည်းငယ်တူနိုင် သည်။ အာမခံချက် - မည်သူတစ်ဦးတစ်ယောက်စ...