တစ်လခန့်ကြာသော်
" ကိုရှား ဒီညပါတီပွဲတက်စရာရှိတယ်မလား
အဲ့ဒါကြည်ပြာလိုက်ခဲ့ရမလား ""မလိုဘူး ငါ့ယောကျာ်းငါခေါ်သွားမယ် "
" ဒီပွဲက ပော့သေးသေးမဟုတ်ဘူးနော်
မိန်းကလေးပါတနာနဲ့ဆိုပိုအဆင်ပြေလောက်
တယ်"" ငါယောကျာ်းလေးကိုလက်ထပ်ထားမှန်း
လူတိုင်းသိတယ်အဲ့တွက်စိတ်ပူစရာမလိုဘူး
ကိုယ့်အလုပ်ကိုယ်သွားလုပ် "ကြည်ပြာဝေသူတစ်ယောက် ထိုတစ်လလုံး
ထက်ရှားလွင်ပြင် ရဲ့ချေ ခြင်းခံနေရသည်။
ကုမ္ပဏီကလူတွေ ကလဲသူမကိုဆို ရှေ့တစ်မျိုး
ဖားပြီးနောက်ကွယ်ကျ အတင်းပြောကြသည်။
သူမအရင်လို ဈေးကြီးတဲ့အသုံးဆောင်တွေ
ဝယ်မသုံးနိုင်တာကြောင့် တခြားကုမ္ပဏီ
သူဌေးတစ်ဦးစီ ခြူစီလုပ်နေရသည်။(တန်တန် ဇာတ်လိုက်မအချက်လက်ကဒါအ
ကုန်ဘဲလား)( ဟုတ်တယ်လေ host)
( အဲ့သူဌေးအဖိုးကြီးက ငါ့ယောကျာ်း ရဲ့ပြိုင်
ဘက်တော့မဟုတ်ပါဘူးနော်)( ပြိုင်ဘက်ကောင်းမဟုတ်ပါဘူး အဲ့အဖိုးကြီးက
ဇာတ်လိုက်ကိုပျက်စီးစေချင်တာ ဘာလို့လဲဆို
တော့ သူ့သမီးနဲ့ကြောင်းလမ်းတုန်းက
ဇာတ်လိုက်က ဟန်တောင်မဆောင်ဘဲငြင်း
လိုက်လို့ပါ)( အော် အိမ်ထောင်သည်ပေါ့)
( ဟုတ်ပါတယ်)
( ဒါဆို ဒီညပွဲတက်ရင်အဲ့ဘိုးတော်ပါလား)
( ပါတယ် သူ့ဇနီးနဲ့ပွဲတက်မှာ)
( ဟင်းး)
" ငယ်... ဒီညပါတီပွဲကို ကိုယ်နဲ့လိုက်ခဲ့မယ်
မလား"" လိုက်ရမှာလား အတွင်းရေးမှူးကိုခေါ်သွား
လေ သာမန်စုံတွဲကပိုသင့်တော်တာပေါ့"" ငယ်! ကိုယ်သူနဲ့မပတ်သတ်တော့တာမင်း
လဲသိသားနဲ့ ကိုယ့်ကိုစကားနာမထိုးစမ်းနဲ့"" လိုက်စေချင်တယ်မလားလိုက်ခဲ့ပေးမယ် "
" ဝတ်စုံတွက် လာပို့လိမ့်မယ်ခနနေ "
" ပြီးရောလေ ရေချိုးလိုက်အုံးမယ် "
လေးငယ်ငယ် ရေချိုးခန်းထဲဝင်သွားမှ ထက်ရှား
ကုတင်ပေါ်ထိုင်လိုက်သည်။ လေးငယ်ငယ်
နဲ့အဆင်ပြေအောင်မနည်းကြိုးစားခဲ့ရပြီး
ကြည်ပြာနဲ့လိုတာထက်ပိုမပတ်သတ်မိရန်ရှောင်
ခဲ့သည်။ အလုပ်ထုတ်ဖို့ဆိုတာကလဲ မပြီးပျက်
သေးတဲ့ကိစ္စတွေကြောင့် ဒီတိုင်းနေရခြင်းဖြစ်
သည်။ လေးငယ်ငယ်အပေါ်ချစ်ပေမယ့် ဖွင့်ပြော
လိုက်ရင် ကိုယ့်ကိုအပြောင်းလဲမန်တဲ့လူလို့
ထင်မှာသိုးတာကြောင့် ဒီတိုင်းလေးသာနေနေ
ရသည်။ လေးငယ်ငယ်ဘက်ကလဲ ချစ်ပါတယ်
ဆိုတဲ့စကားသံမကြားရသည်မှာကြာပြီဖြစ်
သည်။
YOU ARE READING
RomanceStarting -29.1.2022 (owncreation) Ending- 3.4.2022 တစ်စုံတစ်ရာ တိုက်ဆိုင်သွားရင်စားရေးသူရဲ့ အမှားပါ။ မကျေနပ်တာများရှိလာရင်စာရေးသူကို တိုက်ရိုက်လာရောက်ပြောကြားနိုင်ပါသည်။ လူထဲကလူဘဲမို့ အသုံးနှုန်းအနည်းငယ်တူနိုင် သည်။ အာမခံချက် - မည်သူတစ်ဦးတစ်ယောက်စ...