ထိုနေ့တွင်တော့ တန်ခိုးရှင်တစ်ယောက် ပြာယာ
ခတ်သည့်နေ့ဖြစ်သည်။"ပါးပါး သားရဲ့ ကညာလေးကိုတွေ့ချင်နေပြီ"
" တွေ့ရမှာပေါ့ ငြိမ်ငြိမ်ထိုင်နေ ခနနေအခန်းနား
စတော့မယ် "နွေဦးက သားဖြစ်သူကိုကြည့်ကာခေါင်းခါ
လိုက်သည်။ တန်ခိုးရှင်နဲ့မင်းဘုန်းကညာတို့
အချစ်လွန်ကာ ကညာတစ်ယောက် ကိုယ်ဝန်
ရသွားတာကြောင့်ကျောင်းမပြီးခင်လက်ထပ်ဖို့
ဖြစ်လာခဲ့သည်။ မင်္ဂလာအခန်းနားတွင်
သတို့သားက ရှေ့ဆုံး၌မတ်တက်ရပ်ကာ
နောက်ထပ်သတို့သားတစ်ဦးကိုစောင့်နေသည်။
ခနအကြာတွင် တံခါးပွင့်လာပြီး daddy
ဦးမျိုးသည်မင်း ရဲ့လက်ကိုတွဲကာ ဝင်လာသည့်
ဗိုက်ပူလေး ကညာကသူ့ကိုကြည့်နေကြသည့်
အကြည့်များကို ဥပက္ခာပြုကာ ထိပ်ဆုံးကခင်ပွန်း
သည်ကလေးတို့အဖေကိုသာ ပြုံး၍ကြည့်ပြီး
လှမ်းလျောက်နေသည်။" တန်ခိုးရှင် ဦးလေးတို့သားကိုမင်းလက်ထဲအပ်
လိုက်ပြီး မင်းမချစ်တော့ရင်တောင် ဦးရဲ့သားအပေါ်လက်မပါဖို့မှာပါရစေ "" စိတ်ချပါ daddy "
တန်ခိုးရှင်က မင်းဘုန်းကညာရဲ့လက်ကိုတွဲကာ
ဖာသာရှေ့ရပ်လိုက်သည်။ဖာသာရှေ့ကတိ
သစ္စာပြုပြီး သတို့သားနှစ်ဦးနမ်းချိန်တွင်တော့
ပါးပါး မောင့်ဒါလင်က မျက်ရည်တွေခိုးသုတ်
ခဲ့သည်။" ငယ် "
" ဟင် "
" ဘာလို့ငိုနေတာလဲ "
"ပျော်လို့ပါ သားလေးတောင် လက်ထပ်လို့
မကြာခင် ငယ်တို့မြေးတောင်ရတော့မယ်လေ
ငယ် ကသာအဲ့လိုတွေမလုပ်ခဲ့ရင် ဟင့်"" ငယ့် ကိုကိုယ်အပြစ်မမြင်ခဲ့ပါဘူး"
မျိုးသည်မင်းရဲ့ စကားကြောင့် မောင့်ဒါလင်
ငိုတာရပ်သွားကာမျက်လုံးပြူးကြည့်လာသည်။"ငယ်ပြောတာက... "
" ငယ်ပြန်လည်မွေးဖွားလာတာ ကိုပြောတာမလား"
" ကို...ကိုကိုဘယ်လိုသိတာလဲ"
" ဒါတင်မကဘူး တန်ခိုးရှင်က ငယ့်ကိုကူညီပေး
ခဲ့တဲ့ တန်တန်မှန်းလဲသိတယ် "
ESTÁS LEYENDO
RomanceStarting -29.1.2022 (owncreation) Ending- 3.4.2022 တစ်စုံတစ်ရာ တိုက်ဆိုင်သွားရင်စားရေးသူရဲ့ အမှားပါ။ မကျေနပ်တာများရှိလာရင်စာရေးသူကို တိုက်ရိုက်လာရောက်ပြောကြားနိုင်ပါသည်။ လူထဲကလူဘဲမို့ အသုံးနှုန်းအနည်းငယ်တူနိုင် သည်။ အာမခံချက် - မည်သူတစ်ဦးတစ်ယောက်စ...