ဇာတ်လမ်းတွင် ဇာတ်လိုက်နာမည်က သက်ဦးစံ
ဖြစ်ပြီး စံလုပ်ငန်းစုရဲ့ဆက်ခံသူဖြစ်သည်။
ဇာတ်လိုက်မကတော့ နွယ်နီဖြစ်ပြီး Sun
လုပ်ငန်းပိုင်ရှင်ရဲ့တစ်ဦးတည်းသောသမီးဖြစ်
သည်။ သက်ဦးစံတွင် မင်းသက်လျာဆိုသည့်
ချစ်သူရှိပြီး မင်းသက်လျာ ဟာ သက်ဦးစံရဲ့
လုပ်ငန်းတွင်ငွေလိုတာကြောင့် Sun လုပ်ငန်းစု
ပိုင်ရှင်ထံငွေချေးပေးခဲ့သည်။ သို့သော်
သက်ဦးစံ ကငွေမဆပ်ချင်တာကြောင့်
မင်းသက်လျာ အားလမ်းခွဲခဲ့ပြီး မင်းသက်လျာက
တော့ အကြွေးဆပ်ရန်ငွေမတက်နိုင်တာကြောင့်
Sunလုပ်ငန်းစုပိုင်ရှင် ဦးနေမင်းသူရိန်နဲ့
လက်ထပ်ခဲ့ရသည်။ ဦးနေမင်းသူရိန်ဟာ
ဇာတ်လိုက်မ နွယ်နီရဲ့အဖေဖြစ်ပြီး အသက် ၃၃
နှစ်ရှိပြီးဖြစ်သည်။ ခန့်ညားလွန်းသည့်ရုပ်ရည်
ကြောင့် ပျိုမေတွေဝိုင်းနေပေမယ့် လှည့်တောင်
မကြည့်ခဲ့ပေ။ ဇာတ်လိုက်နဲ့ဇာတ်လိုက်မတွေ့
ဆုံပုံမှာ ဦးနေမင်းသူရိန် နဲ့ မင်းသက်လျာတို့
လက်ထပ်ပွဲတွင်တွေ့ဆုံခဲ့ကြ ရာမှ ချစ်မိသွား
ကြခြင်းဖြစ်သည်။( What? ငါကအဖိုးကြီးနဲ့ယူထားတာလား)
( ဆက်သွယ်မှူဧရိယာပြင်ပ...ပ)
(တန်တန်!!)
(ဟဲဟဲ ဆက်ဖတ်လေhostကလဲ)
သူဝင်ထားသည့်ကိုယ်က ကျောင်းဆရာ
မင်းသက်လျာဖြစ်ပြီး ဇာတ်လိုက်တွက်နာမည်ခံ
ပိုက်ဆံချေးပေးကာ လင်ရသွားသူဖြစ်သည်။
နေမင်းသူရိန်နဲ့လက်ထပ်ပြီးအဆင်ပြေခဲ့ပေ
မယ့် နေမင်းသူရိန်ရဲ့ မွေးစားသမီးတစ်ဖြစ်လဲ
တူမဖြစ်သူကြောင့် မင်းသက်လျာအေးဆေး
မနေခဲ့ရပေ။ အဘယ်ကြောင့်ဆိုသော် သူမရဲ့
ချစ်သူ မင်းသက်လျာ ရဲ့ex ဇာတ်လိုက်ကောင်
က မင်းသက်လျာအား ပြန်လည်စိတ်ဝင်စား
သွားခြင်းကြောင့်ဖြစ်သည်။ မင်းသက်လျာကလဲ
မချစ်မနှစ်သက်သောသူနဲ့မနေချင်တာကြောင့်
ရော ဇာတ်လိုက်ကောင်ကိုမပျက်သေးတာ
ကြောင့်ရော နေမင်းသူရိန်ကွယ်ရာတွင်
ဖောက်ပြန်ခဲ့ကြသည်။ဇာတ်လိုက်ကလဲ
နွယ်နီကို လဲမလွှတ်မင်းသက်လျာကိုလဲ
မလွှတ်ဘဲ ကြိတ်ပုန်းခုတ်ခဲ့သည်။ ထိုအ
ကြောင်းအား နေမင်းသူရိန်သိသွားချိန်တွင်
တော့အရမ်းဒေါသထွက်ကာ ပြဿ နာတက်
ခဲ့ချိန် သက်ဦးစံမှ သူနဲ့မင်းသက်လျာမပတ်သတ်
ကြောင်း မင်းသက်လျာ ကသာသူ့အား ပြန်ကပ်
ကြောင်းပြောခဲ့တာကြောင့် နေမင်းသူရိန်က
မင်းသက်လျာ အားမောင်းထုတ်လိုက်တော့
သည်။သူတို့ပြဿ နာဟာ အင်တာနက်ပေါ်
ရောက်သွားပြီး မင်းသက်လျာ ဘဝရစရာမရှိ
အောင်ဖြစ်ခဲ့သည်။မင်းသက်လျာသေဆုံးပြီး
၂နှစ်အကြာတွင် နေမင်းသူရိန်ပါသေဆုံးခဲ့
သည်။
YOU ARE READING
RomanceStarting -29.1.2022 (owncreation) Ending- 3.4.2022 တစ်စုံတစ်ရာ တိုက်ဆိုင်သွားရင်စားရေးသူရဲ့ အမှားပါ။ မကျေနပ်တာများရှိလာရင်စာရေးသူကို တိုက်ရိုက်လာရောက်ပြောကြားနိုင်ပါသည်။ လူထဲကလူဘဲမို့ အသုံးနှုန်းအနည်းငယ်တူနိုင် သည်။ အာမခံချက် - မည်သူတစ်ဦးတစ်ယောက်စ...